Saturday, September 15, 2007

ဲInterview with အိန္ဒြာကျော်ဇင်


နေရာကတော့ မြရိပ်ညိုရေကူးကန်ရဲ့ ရိုက်ကွင်းမှာပါ။ ငါးမိနစ်မျှသာ ကြည့်ရမယ့် ဇာတ်ဝင်ခန်းအတွက် သုံးနာရီခန့် ကြာ ရေထဲမှာနေပြီး ရိုက်ကူးကြရတဲ့ အနုပညာရှင်များရဲ့ ကြိုးစားမှုနဲ့ စေတနာကိုလည်း တွေ့မြင်ရပါတယ်။ ရေထဲက အခန်းတွေရိုက်ပေမယ့် ရေမကူးတတ်ဘူးဆိုတဲ့ အိန္ဒြာကျော်ဇင်ကိုမေးကြည့်ခဲ့ရာ

ရေထဲမှာအကြာကြီးနေပြီးမှ လိုချင်တဲ့ပုံစံရတယ်နော်။ ဒီအလုပ်ကို ဘယ်လိုဆန္ဒမျိုးရှိမှ လုပ်လို့ရတာလဲ။
စိတ်ပါဝင်စားမှ၊ ဇွဲလည်းရှိမှ၊ အနုပညာကိုလည်း ၀ါသနာပါမှ လုပ်လို့ရတာပါ။ နောက်တစ်ခု အဓိကကျတာက စေတနာပါ။ အလုပ်တစ်ခုကို စေတနာထားပြီး လုပ်တယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် သည်းခံနိုင်စွမ်းရှိတယ်။ အူဝဲတို့ ဒီလို အပင်ပန်းခံနေတာဟာ ပရိသတ်အတွက် ဇာတ်ဝင်ခန်းကောင်းလေးတစ်ခုဖြစ်ဖို့အတွက်ပါ။


အခုနောက်ပိုင်း ပင်ပန်းတဲ့ ကားတွေပဲ ရိုက်ဖြစ်နေတာလား။
ပင်ပန်းတယ်။ ရှေ့ကရိုက်ပြီးသွားတဲ့ မိုးပေါ်ခုန်တက်ကချင်တယ် ရုပ်ရှင်ကားကြီးဆိုလည်း နေ့ရော ညရော ရိုက်တော့ အိပ်ရေးတွေပျက်တယ်။ နှစ်ကိုယ်ခွဲလည်းဖြစ်တော့ ပိုပင်ပန်းတယ်။

မင်းသမီး တစ်ယောက်ရဲ့ ဘ၀ကို အူဝဲမြင်သလို ပြောကြည့်ပါဦး။
လှလှပပ ကြွကြွရွရွလေးနေရတယ်လို့ အတော်များများက ထင်ကြမှာပါ။ ငွေတွေလည်းရတယ်ပေါ့။ ဒါပေမဲ့ သိပ်ပင်ပန်းပါတယ်။ တခြား အလုပ်တွေမှာ လူပဲပင်ပန်းရင်ပင်ပန်းမယ်၊ အူဝဲတို့အလုပ်က စိတ်ရောပင်ပန်းပါတယ်။ တစ်ခါတလေ မတန်ဘူးလို့တောင်ထင်မိပါတယ်။

အူဝဲရဲ့အောင်မြင်မှုနဲ့ ပျော်ရွှင်မှုနဲ့ရော အတူတူပဲလို့ ပြောရင်ရလား။
မရပါဘူး။ အူဝဲအောင်မြင်တယ်ဆိုပြီးလည်း စိတ်ထဲမှာ မထားဘူး။ အလုပ်တစ်ခုကို ပီပီပြင်ပြင်ဖြစ်အောင် လုပ်တယ်လို့ပဲ ခံယူထားတယ်။ အူဝဲလည်း လူတစ်ယောက်မှာဖြစ်ရတဲ့ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု၊ ကြေကွဲမှု၊ စိတ်ချမ်းသာမှု စတာတွေအားလုံးကို ခံစားရပါတယ်။

ရောင့်ရဲတင်းတိမ်စိတ်နဲ့ ဖြစ်ချင်တာမဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ် ဘာကပိုများလဲ။
အရင်ကတော့ ဖြစ်ချင်တာဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်များတယ်။ ခုတော့ အသက်အရွယ်ကြောင့် ရောင့်ရဲစိတ်ပဲပို များလာပါတယ်။ အဲဒီအခါ ပူလောင်မှုနည်းသွားတာကို သတိထားမိတယ်။

ပန်းချီဆွဲတာကို ၀ါသနာပါခဲ့သူ တစ်ယောက်အနေနဲ့ သရုပ်ဆောင်အဖြစ် အောင်မြင်သွားချိန်မှာ ငါ ပန်းချီဆရာမ မဖြစ်ခဲ့တာကောင်းပါ တယ်ဆိုတဲ့ အတွေးမျိုးရော တွေးမိလား။
ပန်းချီဆိုတာလည်း တကယ်ကို ခက်ခဲနက်နဲတဲ့ အနုပညာတစ်ခုပါ။ စိတ်တွေ ရှင်းသန့်ကြည်လင်နေမှ ပန်းချီဆွဲလို့ ရတယ်လို့ အူဝဲထင်တယ်။ ပန်းချီကို အူဝဲခုထိ ၀ါသနာပါတုံးပါပဲ။ အဲလိုအတွေးမျိုးတော့ မတွေးမိပါဘူး။ သရုပ်ဆောင်တစ် ယောက်ဖြစ်လာတာလည်း အကြောင်းကြောင်းတွေ တိုက်ဆိုင်သွားတာရယ်၊ ကိုယ်တိုင်လည်း လုံ့လ၊ ၀ီရိယနဲ့ ကြိုးစားခဲ့တာကြောင့် ရယ်ပါ။

ကိုယ့်ရဲ့အနုပညာသက်တမ်း အရ ပီပီပြင်ပြင် အိုက်တင်လုပ်ရတဲ့ ကားမျိုးတွေပဲ ရွေးပြီးရိုက်တော့မယ် လို့ ဆုံးဖြတ်ထားလား။
ဖြစ်နိုင်ရင်တော့ ကိုယ့်အရည် အသွေးကိုတောင် အကောင်းဆုံးပြ ရတဲ့ဇာတ်တွေကိုပဲ သရုပ်ဆောင်ချင် ပါတယ်။ ဒါပေမဲ့ အခြေအနေအရ ရိုက်လိုက်ရတဲ့ဇာတ်ကားတွေလည်း ရှိတယ်။ အူဝဲကတော့ ဘယ်ဇာတ် ကားကိုမှ ပေါ့ပေါ့လေးမလုပ်ခဲ့ပါ ဘူး။ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက် ပြီး ပိုတတ်လာလေ ပိုလုပ်ပြချင်လေ ဆိုတဲ့ စိတ်ကတော့ အနုပညာသမား တိုင်းမှာရှိမယ်လို့ထင်ပါတယ်။ ကိုယ့် ဇာတ်ကားတွေ ကိုယ်ပြန်ကြည့်တဲ့ အခါ ဟာနေတာ၊ လိုနေတာမျိုးရှိခဲ့ ရင်လည်း ပရိသတ်ကို အားနာမိ တယ်၊ ဒါကိုပဲ သင်ခန်းစာအဖြစ် မှတ်ယူပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားပါတယ်။

အူဝဲအတွက် အနားယူအပန်းဖြေ ဖို့လိုအပ်ချိန်ဟာ စိတ်ပင်ပန်းချိန် လား၊ လူပင်ပန်းချိန်လား။
သရုပ်ဆောင်အလုပ်က လူပင် ပန်းပါတယ်။ အဲဒီအတွက် မကြာ ခဏအနားယူရင်လည်း ကိုယ့်ကြောင့် အလုပ်တွေ ထိခိုက်နိုင်တယ်လေ။ စိတ်ပါပင်ပန်းလာပြီဆိုရင်တော့ အနားယူလိုက်တာ အဆင်ပြေဆုံးပါ ပဲ။

No comments: