Saturday, September 15, 2007

Interview With SaiSai


နှစ်စဉ်နှစ်တိုင်းမွေးနေ့ပွဲကို ထူးထူးခြားခြား ကျင်းပလေ့ရှိတဲံ့ Hip Hop သီချင်းတွေဆိုပြီး သရုပ်ဆောင်လည်းလုပ်တဲ့
စိုင်းစိုင်းခမ်းလှိုင်က ယခုနှစ် မွေးနေ့ပြုလုပ်မယ့် အကြောင်းအရာများ၊ သင်္ကြန်အစီအစဉ်များနဲ့ မေးသမျှကို ပွင့်လင်းစွာ ဖြေဆိုပေးခဲ့ပါတယ်။

စိုင်းစိုင်းရဲ့ ဒီနှစ်သင်္ကြန်အစီအစဉ် ပြောပါဦး။
ဒီနှစ်သင်္ကြန်ကို ပြည်လမ်းမှာ မဏ္ဍပ်ထိုးပါမယ်။
ဘယ်လိုပျော်မယ်ဆိုတာတော့ မစဉ်းစားရသေးပါဘူး။
သင်္ကြန်ကတော့ ကျွန်တော် တစ်နှစ်လုံးပင်ပန်းခဲ့သမျှ အနားယူတဲ့ရက်ပဲ။ လူကြီးတွေ အနားယူရင်တော့ အေးအေးဆေးဆေး အိမ်မှာအနားယူတယ်။ ကျွန်တော်ကတော့ ဘော်ဒါအပေါင်းအသင်းတွေ ၃၀၀၊ ၄၀၀လောက်စုပြီး မဏ္ဍပ်မှာကဲတယ်။

စိုင်းစိုင်းရဲ့ င်္ကည နြာဘနမျတွေကို မဲဖောက်ပြီး ရေလာကစားဖို့ ဖိတ်တာမျိုးလုပ်မှာလား။
အဲဒီလိုမျိုး နှစ်တိုင်းလုပ်လေ့ရှိပါတယ်။ ကျွန်တော်တတ်နိုင်တဲ့ ပုံစံနဲ့ပေါ့။ သူတို့လိပ်စာတွေ ကျွန်တော့်မှာ ရှိတယ်။ ဖိတ်လို့ရတဲ့သူတွေလည်း ဖိတ်လိုက်တာပေါ့။ အခါအားလျော်စွာ အဲဒါမျိုး လုပ်ပေးပါတယ်။

ဟိုတလောကဇာတ်ပွဲမှာ စိုင်းစိုင်းတို့သီချင်းဆိုမယ့်ကိစ္စနဲ့ပတ်သက်ပြီး အမျိုးမျိုးပြောကြ၊ ရေးကြတာတွေ ရှိတယ်လေ။ အဲဒီအပေါ်မှာ ဘာပြောချင်လဲ။
ပေါ်ပြူလာကပြောတဲ့ ရေးကြတယ်ဆိုတဲ့ဟာတွေ ကျွန်တော်မဖတ်ဖူးဘူး။ နောက်တစ်ခုက
စတိတ်ရှိုးစင်ပဲဖြစ်ဖြစ်၊ ပြဇာတ်စင်ပဲဖြစ်ဖြစ်၊ မြန်မာ့ဇာတ်သဘင်စင်ပဲဖြစ်ဖြစ် စင်ဟာစင်ပါပဲ။ အတူတူပါပဲ။ ပြီးတော့ ကျွန်တော်တို့အဆိုတော်တွေမှာ တချို့သော မြို့တွေ၊
နယ်တွေမှာ စတိတ်ရှိုးလုပ်လို့မရနိုင်တဲ့ အကြောင်းကြောင်းသော အခက်အခဲတွေရှိပါတယ်။ ဆိုတော့ ကျွန်တော်တို့တစ်ဖွဲ့လုံးရဲ့သဘောထားသည် ဘာစင်ပဲဖြစ်ဖြစ် ဇာတ်စင်၊ ကျောင်းကပွဲစင် ဘာကြီးပဲဖြစ်ဖြစ် စင်အောက်မှာ ကျွန်တော်တို့ ပရိသတ်ရှိတယ်။ ကျွန်တော့်ကို တောင်းဆိုတယ်ဆိုရင် ဖျော်ဖြေဖို့အဆင်သင့်ပါပဲ။

အနုပညာသမားချင်းအတူတူ အဲဒီလိုမျိုး ပြောသင့်ရေးသင့်တယ်လို့ ထင်လား။
ဟုတ်ကဲ့။ တစ်စုံတစ်ယောက်ကို နှိမ့်ချပြီးပြောတယ်၊ ရေးတယ်ဆိုရင်တော့ အနှိမ်ခံရတဲ့သူက စိတ်မကောင်းဖြစ်မှာ အမှန်ပါပဲ။ ဒါပေမဲ့ အဲဒါကို မဝေဖန်လိုပါဘူး။ ဝေဖန်တယ်ဆိုတာ ဝေဖန်ရေးဆရာတွေအလုပ်ပါ။ ကျွန်တော်ကတော့ ကျွန်တော့်သဘောထားကိုပဲ ပြောပိုင်ခွင့်ရှိပါတယ်။ အခုဖန်တီးနေတဲ့အနုပညာတွေဟာ ဇာတ်သဘင်နဲ့မကင်းဘူးလို့ ယူဆပါတယ်။ ဘာပဲပြောပြော မြန်မာ့ဇာတ်သဘင်ဟာ အချဉ်တော့ မဟုတ်ပါဘူး။

အခုနောက်ဆုံးထွက်တဲ့ "စိုင်းစိုင်းဟုခေါ်သည်" အခွေကို ထွက်ခဲ့သမျှတွေထဲမှာ အကြိုက်ဆုံးလို့ ပရိသတ်တွေဆီက ကြားရတယ်။ အတွေ့အကြုံတွေအများကြီးနဲ့ ပေါင်းစပ်ပြီး လုပ်ထားရတဲ့အတွက်ကြောင့်လား။
ကျွန်တော် ဂုဏ်ယူပါတယ်။ ကျောင်းတက်တဲ့အရွယ်မှာလည်း သူငယ်တန်းကနေ တဖြည်းဖြည်း တက်လာရတာပဲ။ မြင့်တဲ့စာတွေ သင်လာရတာပဲလေ။ အဲတော့ စီးရီးထုတ်ရင်လည်း တစ်ခွေထက်တစ်ခွေ ပိုကောင်းလာတယ်လို့ ပရိသတ်က သတ်မှတ်တဲ့အတွက် ကျွန်တော်
အကြီးကြီးဂုဏ်ယူပါတယ်။

ဒီနှစ် စိုင်းစိုင်းမွေးနေ့ ပြန်နီးလာပြီနော်။ မွေးနေ့တိုင်းမှာ ထူးခြားတာတွေ တွေ့ရတော့ ပရိသတ်တွေက ဘယ်လိုပုံစံမျိုးတွေ့ရမလဲဆိုပြီး မျှော်ကြတယ်။
ဒီနှစ်မွေးနေ့မှာလည်း နောက်ထပ်အရသာသစ်တစ်ခု လာပါလိမ့်မယ်။ ကျွန်တော်တို့လုပ်တဲ့အလုပ် တွေက ရုတ်တရက်ပေးလိုက်ရတဲ့အရသာက
ပိုကောင်းတော့ တချို့ကိစ္စတွေက ကြိုပြောလို့မရပါဘူး။ ပရိသတ်အတွက် အရသာရှိတဲ့ပွဲတစ်ခုဖြစ်မှာပါ။

No comments: