Monday, September 24, 2007

‘‘ Interview with ရန်ရန်ချန်း ’’


‘‘ Interview with ရန်ရန်ချန်း ’’

Q:

ကိုရန်ရန်ချန်းတို့ရဲ့ Acid အဖွဲ့က မြန်မာနိုင်ငံရဲ့ ပထမဆုံး Hip Hop First Generation လို့ ပြောလို့ရတာပေါ့နော်။

Ans:

ဟုတ်ပါတယ်။ အဲလိုပြောလို့ရပါတယ်။

Q:

အစ်ကိုတို့ ပထမဆုံးစခဲ့တဲ့ သူတွေဆိုတော့ ဒီ Hip Hop ဆိုတာကို မြန်မာနိုင်ငံရဲ့ ပရိသတ်တွေ လက်ခံလာအောင် ဘယ်လောက်အထိ ကြိုးစားခဲ့ရပါလဲ။

Ans:

ကြိုးစားခဲ့ရလဲ ဆိုတော့ ကျွန်တော်တို့ အဲဒီအချိန်တုန်းကတော့ ကျွန်တော်တို့ ဘယ်လောက်ကြိုးစားတယ် ဆိုပြီးတော့ လုပ်တာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် မသိစိတ်ကနေ ကြိုးစားနေတာတော့ ကျွန်တော်တို့လည်း မသိဘူးပေါ့။ အဲဒီအရွယ်တုန်းကတော့ ဘာလုပ်လုပ်။ ဘာအခက်အခဲတွေတွေ့တွေ့ ပျော်နေတာပေါ့။ အဲဒီအရွယ်ကတော့ တက်ကြွတဲ့ အရွယ်ဆိုတော့ ဘာလုပ်လုပ် လုပ်တယ်။ တွေ့သမျှ အခက်အခဲကိုလည်း စိတ်ထဲမှာ အခက်အခဲလို့ မထင်ခဲ့ဘူး။ သူငယ်ချင်းတွေရဲ့အားလည်း ပါတာပေါ့။ ဒါပေမယ့် အခုဒီလိုအရွယ်ရောက်မှ ငါတို့တော်တော် လုပ်ခဲ့ရပါလား ဆိုတာသိတာ။

Q:

ဒီ Hip Hop ကို စလုပ်တော့မယ်ဆိုတဲ့ အချိန်မှာရော ဘယ်လို လော့လာမှုမျိုးတွေ လုပ်ခဲ့ပါလဲ။

Ans:

ဘယ်လိုလေ့လာမှုမျိုးလဲဆိုတော့ ကျွန်တော်ခုဏက ပြောသလိုပေါ့။ အဲဒီအချိန်တုန်းက အထူးတလည်ကြီး လေ့လာတယ်ဆိုပြီးတော့ လုပ်နေတာ မဟုတ်ဘူး။ ဒါပေမယ့် မသိလိုက်မသိဘာသာပဲ ကျွန်တော်တို့ သိချင်လို့ လိုက်စပ်စုနေသမျှက လေ့လာသလို ဖြစ်သွားတာပေါ့နော်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့က ဘယ်သူ့ဆီမှာ လေ့လာရမလဲ။ ဘယ်သူမှလည်း မရှိဘူး။ တစ်ယောက်နဲ့ တစ်ယောက် ကိုတု (ကိုတုဆိုတာအနဂ္ဂ) knowledge တစ်ခုရလာရင် သူကအားလုံးကို ပြောပြတယ်။ တစ်ယောက်ကလည်း တစ်ယောက်ရလာမယ်ဆိုရင် အားလုံးကိုပြောပြ။ အဲလိုနဲ့ပဲမျှဝေ။ အဲလိုမျိုး လုပ်ကြပေါ့ စာအုပ် The Source ဆိုတာ အခုမှ ဒီနိုင်ငံမှာပေါ်လာတာ။ အရင်တုန်းကဆို စာအုပ် ၁ အုပ်ရဖို့ကို ကျွန်တော်တို့ မှာရတာ။ အခွေဆိုလည်း အဲလိုပဲ။ အခွေတစ်ခွေလည်း ကျွန်တော်တို့မှာ အရမ်း သဘောကျတယ်ဆိုရင် သိမ်းထားရတာ။ အခုကြတော့ အခွေက ၁၅၀၀ ဆို ဒီမှာရနေပြီ။ အဲလိုခေတ်ဖြစ်သွားပြီ။ အဲဒီတုန်းက အဲလိုမျိုး သေးသေးမွှားမွှားလေးကအစ အကုန်စုရတယ်။ ဒါပေမယ့် အဲဒါကို ကျွန်တော်တို့က ငါတို့လေ့လာနေပါလား ဆိုတာကို မသိဘူး။

Q:

Acid ထွက်လာတဲ့အခါ လူငယ်လေးတွေက အရမ်းအားပေးကြတယ်နော်။ နောက်ပိုင်း လွယ်အိတ်တွေ ပေါ်မှာကအစ Acid တံဆိပ်ကလေးတွေနဲ့ လွယ်လာကြတာ တွေ့ရတယ်။ အဲလိုအားပေးမှုတွေကို တွေ့ရတဲ့အခါ ကိုရန်ရန်ချန်းတို့ ဘယ်လိုခံစားရပါလဲ။

Ans:

ဘယ်လိုခံစားရလဲဆိုတော့ ပျော်တယ်ဗျ။ ပျော်တယ်ဆိုတာ တစိမ့်စိမ့်တွေးပြီးမှ ပျော်တာ။ ဗြုန်းခနဲကြီး တွေ့တွေ့ခြင်းကတော့ ဟာ ငါတို့တံဆိပ်ပေါ့နော်။ ဒါပေမယ့် အဲဒါကို ကိုယ့်ဘာသာကိုယ် အိပ်ခါနီးဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပေါ့ ပြန်ပြန်တွေးရင် ပိုပျော်တယ်။ ရန်ကုန်ထက် နယ်တွေမှာ ပိုများတယ်ဗျ။ ကျွန်တော်တို့နယ်ဘက်တွေ Show သွားတယ်။ Acid ထွက်ထွက်ခြင်းတုန်း ကဆို သွားတဲ့နေရာတိုင်းမှာ တွေ့တယ်။ အဲလိုလွယ်အိတ်လေးတွေ။ နောက် Theory ထွက်ပြီး နောက်ပိုင်းမှာ Theory တံဆိပ်လေးတွေနဲ့ တွေ့တယ်။ နောက်ပိုင်း Sai Sai ဟာတွေလည်း တွေ့တယ်။ အဲဒီတုန်းက ကျွန်တော်တို့ ၃ ဖွဲ့လောက် ရှိတာပေါ့။ အရင်ဆုံးထွက်ကြတာ။

Q:

Acid က ပထမအခွေထွက်ပြီး ပရိသတ်တွေ အရမ်းအားပေးလာကြတဲ့ အချိန်မှာ မထွက်ဖြစ်တော့တာ ဘာကြောင့်လဲ။

Ans:

လုပ်တော့ လုပ်ထားပါတယ်။ ကျွန်တော်တို့ Acid အခွေပြီးပြီးချင်းမှာပဲ ဒုတိယအခွေအတွက် ကျွန်တော်တို့ သီချင်းတွေ လုပ်ကြတယ်။ လုပ်ပြီးတော့ အခန့်မသင့်တာတွေလည်း ပါတာ ပေါ့နော်။ အခု အဖွဲ့ကလည်း သိပ်မစုံကြတော့လို့။ နောက်ပြီး ကိုယ့်ဟာကိုယ် တစ်ယောက်ချင်းဟာတွေလည်း လုပ်ကြတယ်။ အဲဒါတွေလည်း ပါတယ်ဗျ။

Q:

ဒါဆို Acid ပြိုကွဲသွားတယ်လို့ရော ပြောလို့ရမလား။

Ans:

ရတာပေါ့။ အပြင်ပိုင်းက ကြည့်ရင်တော့ ဒီလိုပါပဲ။

Q:

အဲလိုပြိုကွဲသွားတဲ့အခါမှာရော ကိုရန်ရန်ချန်းအနေနဲ့ ဘယ်လိုခံစားရပါလဲ။

Ans:

မဖြစ်စေချင်ဘူးဗျ။ အဲလို မကွဲခင်ကတည်းကကို ကျွန်တော်က အဲလိုကြီး မဖြစ်စေချင်ဘူး။ ဒါပေမယ့် ဖြစ်သွားတော့လည်း ပြန်တွေးကြည့်တော့ ဘာမှလုပ်လို့မှ မရတော့တာ။ အဲဒါကြီး ကို ပူဆွေးနေတော့လည်း အလကားပဲလေ။ မဖြစ်ခင်တုန်းကတော့ မဖြစ်စေချင်ဘူး။ ဖြစ်ပြီးသွားတော့ နောင်တတော့မရဘူး။ ဘာမှမတတ်နိုင်ဘူး။

Q:

သီချင်းတွေ ရေးတဲ့အခါမှာရော ကိုရန်ရန်ချန်းက ဘယ်လို Rhyme မျိုးတွေနဲ့ ရေးဖြစ်ပါလဲ။

Ans:

ကျွန်တော်ကတော့ အစကတည်းက သီချင်းနားထောင်တယ်။ အခုနောက်ပိုင်းတော့ အရင်ကလောက် သိပ်နားမထောင်ဖြစ်ဘူး။ ဒါပေမယ့် အရင်တုန်းက နားထောင်တယ်။ ရေးတဲ့အခါ လဲ ကိုယ့် Rhyme နဲ့ကိုယ်ပေါ့နော်။ သူများ Rhyme မဖြစ်မိအောင်တော့ သတိထားပြီး ကိုယ့်ဟာကိုယ် ရေးဖြစ်တယ်။

Q:

ံHip Hop မှာ East course နဲ့ West course ရှိတယ်လို့ သိရပါတယ်။ အဲဒီမှာ ဘယ်လိုကွာခြားမှုတွေ ရှိပါလဲ။

Ans:

ဘယ်လိုကွာခြားမှုတွေ ရှိလဲဆိုတော့ ဒါတစ်ယောက်နဲ့ တစ်ယောက်က မတူဘူးဗျ။ အရင်တုန်းကတော့ ကွဲခြားမှုတွေ ရှိတာပေါ့နော်။ ဒါပေမယ့် အခုနောက်ပိုင်းက သူ့နေရာနဲ့သူ အကုန် လုံးက မိုက်လာကြတာပေါ့။ အရင်တုန်းက East course, West course သူတို့မတည့်တာလည်း ပါတယ်။ မတည့်ဘူးဆိုတာလည်း တော်တော် စောစောကပါ။ ကျွန်တော်တို့တွေ စလုပ်လောက်တဲ့ အချိန်မှာတောင် တော်တော် တည့်နေကြပါပြီ။ မတည့်ဘူးဆိုတာလည်း သူတို့ဆီမှာ ဂိုဏ်းတွေရှိတာကိုး။ ဂိုဏ်းတွေ မတည့်တာပါ။ အဲဒီတော့ ဒီဂိုဏ်းထဲက သီချင်းဆိုတဲ့ကောင်လဲ ပါချင်ပါမယ်။ ဒါ Music နဲ့မဆိုင်ဘူးလို့ ထင်တယ်။ သူဘာသာသူတို့ ဂိုဏ်းတွေ ဖြစ်လာတာပေါ့။ အမှန်တကယ်တော့ နောက်ပိုင်း အခုဆိုရင် မရှိတော့ဘူးလေ။ အဲဒါမျိုးတွေ East course, West course ပေါင်းဆိုတယ်။ အလယ်က ကောင်တွေလည်း ဖောက်ဆိုတယ်။ အခု Down South ဆိုတာဖြစ်လာပြီ။ အဲဒီတော့ Music က Music ပါပဲ။ မတည့်တာတွေ ဘာတွေကို ခေါင်းထဲကထုတ်ထား။ ကိုယ်က Music ကို ဝါသနာပါရင် Music ပဲလုပ်ပေါ့။

Q:

Hip Hop ကို နားလည်ချင်တဲ့ လူငယ်တွေ အတွက်လည်း ကိုရန်ရန်ချန်း အနေနဲ့ ပြောပြပေးပါအုံး။

Ans:

Hip Hop ကို နားလည်ချင်တယ်ဆိုရင် အခုဒီမှာက J Me တို့လိုကောင်တွေရှိတယ်။ သူတို့ဆို အရမ်းတော်တယ်။ Knowledge အရမ်းလည်းရှိတယ်။ သူငယ်ငယ်လေးကတည်းက ကျွန်တော်တို့နဲ့ တွေ့ဖူးတယ်။ သူအဲလို ကလေးကတည်းက သူပြောတဲ့စကားတွေ ကျွန်တော်တို့လိုက်မမှီဘူး။ ဒီကောင်နေ့တိုင်းလည်း MTV ထိုင်ကြည့်။ မျိုးစုံ။ တွေ့တဲ့သူနဲ့ သူအကုန်ဆွေးနွေးတယ်။ အဲလိုမျိုးပါ။ သူတို့လည်း အဲလိုမျိုးသိချင်ရင် အဲလိုလူတွေနဲ့စကားပြော။ နောက် စာအုပ်တွေရှိတယ်။ The Source တို့၊ XXL တို့ ဒါမျိုးတွေဖတ်ပေါ့နော်။

Q:

အခု Hip Hop လောကမှာ Next Generation တွေ အများကြီး ထွက်လာကြတယ်။ အဲဒီထဲမှာ တချို့လူငယ်တွေက သူများ Hip Hop ဆိုလို့ လိုက်ပြီး လုပ်လာကြတာ မျိုးတွေလည်း တွေ့ရပါတယ်။ အဲလိုလူငယ်လေးတွေအပေါ် အစ်ကို့အမြင်လေးကို ပြောပြပေးပါ။

Ans:

အဲဒီအပေါ်မှာက ခေတ်ပေါ့။ ခေတ်နဲ့ပဲ ဆိုင်တယ်ပေါ့နော်။ ကျွန်တော် အင်တာဗျူးတချို့တွေမှာလည်း ဖြေဖူးပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် ၁၀တန်းပြီးရင် ဘာလုပ်ရမလဲဆို Computer တက်ရမယ်။ Speaking သင်တန်း။ ဒါ သူ့ခေတ်ကိုး။ အိမ်တွေကလည်း ကဲသွား။ Computer တက်၊ Speaking တက် ခေတ်ကြီးလို ဖြစ်နေတော့ အဲဒါလုပ်ရမယ်လို့ ဖြစ်နေ တယ်။ အခုလည်း ခေတ်က Hip Hop ခေတ်။ သီချင်းဆိုတဲ့ ခေတ်ဆိုတော့ တချို့တွေတွေ့ရပါတယ်။ ၈ တန်းလောက် ကတည်းက အဖွဲ့တွေ ဖြစ်နေကြပြီ။ သူတို့အားတဲ့ အချိန်မှာတွေ့ပြီး သီချင်းဆိုကြ တာပေါ့။ အများကြီးကတော့ အများကြီးပဲဗျ။ စုပြုံပြီး တိုးလာကြတာ။ ဂီတထဲကို။ အဲဒီထဲကမှ အများဆုံးက Hip Hop လို့ထင်တယ်။ ဘာဖြစ်လဲဆိုတော့ သူတို့တကယ် ဝါသနာပါယတ်။ ဒီMusic ကို တကယ်ကို ထဲထဲဝင်ဝင် နှစ်သက်တဲ့သူကတော့ အချိန်ကစကား ပြောပါလိမ့်မယ်။ သူတို့ အပျော်လုပ်မယ်။ အချိန်တန်ရင် သူတို့ဟာသူတို့ လုပ်ရမယ့်လိုင်းကို သွားကြလိမ့်မယ်။ တကယ် ဝါသနာပါတဲ့သူ တွေ ကျန်ခဲ့မယ်။ အဲဒီထဲမှာမှ ဖြစ်ချင်စိတ် တအားများတဲ့သူတွေ ဖြစ်သွားလိမ့်မယ်။ တချို့က ဝါသနာတော့ပါတယ်။ ဒါပေမယ့် ဖြစ်ချင်စိတ် သိပ်မရှိဘူး။ အဲလိုမျိုးလည်း ရှိတော့ ရှိတတ်တာပဲ။ အဲဒီတော့ သူ့လိုင်းနဲ့သူ။ သူ့ဟာသူ စစ်ထုတ်လိုက်မှာပါပဲ။

Q:

အခု Acid မှာတော့ ကိုရန်ရန်ချန်းနဲ့ ကိုဇေယျာသော် ၂ယောက်ထဲ ပဲပေါ့။

Ans:

ဟုတ်။ လောလောဆယ် ကျွန်တော်ရယ်၊ ဇေယျာသော်ရယ်ပါပဲ။

Q:

လောလောဆယ် Acid ရဲ့ လှုပ်ရှားမှုကရော။ Show ပွဲတွေမှာတော့ တွေ့ရတယ်နော်။

Ans:

ဟုတ်။ Show ပွဲက အခု ၂၉ ရက်နေ့ရမှာ တစ်ပွဲရှိတယ်။ နောက်လထဲမှာ အိန်ဂျယ် ရိုက်တဲ့အဖွဲ့တွေ။ သူတို့တွေ နောက်တခွေ လုပ်မယ်။ လောလောဆယ်တော့ အဲဒါရှိတယ်။

Q:

Acid အနေနဲ့ပဲ အခွေထွက်ဖို့ကရော.......

Ans:

Acid အခွေကတော့ လောလောဆယ်မှာ အဲလိုအတွဲခွေတွေပဲ ထွက်ဖြစ်ဖို့ ရှိပါတယ်။

Q:

အခု ဂီတလောက Hip Hop လောကရဲ့ ဒီနေ့ခေတ်အခြေအနေအပေါ် ကိုရန်ရန်ချန်း အနေနဲ့ ဘယ်လိုမြင်ပါလဲ။

Ans:

ဒီနေ့ ခေတ်အခြေအနေကတော့ Hip Hop မှတော့ မဟုတ်ဘူးဗျ။ ဂီတကတော့ နည်းနည်းလေး ကို့ယို့ကားယားတော့ ဖြစ်နေတယ်လို့ ထင်တာပဲ။ Hip Hop လည်း ဒီလိုပါပဲ။ ကျွန်တော် ထင်တာကတော့ Hip Hop Music ဆိုပြီးတော့ ချမ်းသာလာလိမ့်မယ်လို့တော့ မထင်ဘူး။ လောလောဆယ်........

Q:

International မှာ Hip Hop Family ဆိုတာမျိုးတွေ ရှိတယ်နော်။ ဒီမှာရော Hip Hop Family တွေရှိပါလား။

Ans:

ရှိကြတယ်ဗျ။ G Family တို့။ နောက်ဒီပြင်အဇွဲ့ အဖွဲ့လေးတွေတော့ ရှိတယ်။ အဲဒါတော့ ကျွန်တော်ကြားပါတယ်။ ဒါပေမယ့် အကုန်လုံးနဲ့တော့ ကျွန်တော် မသိဘူး။

Q:

အခုဒီမှာ ခိုးကူးခွေတွေ အရမ်းများလာတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါလဲ။

Ans:

ဘယ်လိုမြင်လဲဆိုတော့ ဖမ်းတဲ့အချိန် ပျောက်သွားတယ်။ ဖမ်းတဲ့သူ ဟိုဘက်လှည့်ရင် ပြန်ပေါ်လာတယ်။ အဲဒီလိုကိုဖြစ်တာ....

Q:

ဂီတလောကက အနုပညာသမားတွေ ဆက်ပြီးရပ်တည်ဖို့ကရော ဘယ်လိုဖြစ်မယ်လို့ ထင်ပါလဲ။

Ans:

အဲဒါကြီးကတော့ အဲလောက်ဆိုးရွားလိမ့်မယ်တော့ မထင်ပါဘူး။ တခုခုတော့ ဖြစ်လာမှာပါ။ အဲဒီလိုကြီး ဖြစ်သွားတဲ့ အခြေအနေ လောက်အထိတော့ ရောက်မယ်လို့တော့ မထင်ပါဘူး။

Q:

ကိုရန်ရန်ချန်းကို အခုချိန်မှာ Melody ပါတဲ့ သီချင်တစ်ပုဒ်ဆိုဖြစ်မယ်ဆိုရင် ဘယ်လို သီချင်းမျိုးဆိုဖြစ်မလဲ။

Ans:

မဆိုတတ်ဘူးဗျ။ တခါတလေ သူငယ်ချင်း မင်္ဂလာဆောင်တွေမှာ အတင်းတွန်းတင်လို့ ကို့ယို့ကားယား ဆိုရတဲ့ အခေါက်မျိုးတွေလည်း ရှိတယ်။ အဲလိုမျိုးကြရင် ကိုယ့်သီချင်းတောင် ကိုယ်မဆိုချင်ဘူး။ ရတဲ့သီချင်း ၁ပုဒ် ကောက်ဆို ပစ်လိုက်တာပဲ။ အဲလိုပဲရှိတယ်။ ဒီတိုင်းတော့ ဆိုဖို့တော့မရှိပါဘူး။ ကျွန်တော်လည်း မဆိုတတ်ဘူး။

Q:

ကိုရန်ချန်း မျှော်မှန်းထားတဲ့ Music နဲ့ ပတ်သတ်တဲ့ အနာဂတ် ဆိုတာရော …..

Ans:

အနာဂတ်ကတော့ လောလောဆယ်မှာ ကျွန်တော် ကအေးအေးဆေးဆေး ပုံစံနဲ့သွားချင်တယ်ဗျ။ အရမ်းကြီး ဘယ်လိုကြီး ဖြစ်ရမယ် ဘာကြီးဖြစ်ရမယ် လို့တော့ ကျွန်တော် မမှန်းထားဘူး။ အစ ကတည်းကလည်း ကျွန်တော်တို့ မရည်မှန်းထားဘူး။ ဒါပေမယ့် ကိုယ်ဝါသနာပါတဲ့ ဟာလေးကို ကိုယ့်ဟာကိုယ် အေးဆေးတော့ လုပ်ချင်တယ်။ တဖက်မှာ ကိုယ်ဘဝရပ်တည်မှုအတွက် ဝင်ငွေတစ်ခုခုရနေမယ် ဆိုရင် ဒီဘက်ကဟာကို ကျွန်တော် နာမည်ကြီးသည် ဖြစ်စေ၊ မကြီးသည် ဖြစ်စေ ပရိတ်သတ် သိသည်ဖြစ်စေ။ မသိသည်ဖြစ်စေ ကျွန်တော် အမြဲတမ်း လုပ်နေမှာပါ။

Q:

အနာဂါတ်မှာ ACID ဆိုတာရော ပြန်ဖြစ်လာအုံးမှာလား ……

Ans:

အခုလည်း ACID နည်းသွားတာပဲ ရှိတယ်။ ACID ကတော့ ACID ပါပဲ။ အခုချိန်ထိ ရှိပါတယ်။

Q:

ကိုရန်ရန်ချန်း ရဲ့ တစ်ကိုယ်တော် အခွေကရော……

Ans:

အခွေလည်းဟုတ် … ကျွန်တော် ပထမပြောထားတာတော့ ကျွန်တော် ဒီနှစ်ထဲမှာ ထွက်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် အခုအခြေနေအရကြတော့ ကျွန်တော် နှမြောလို့ဗျ။ မထွက်ချင်သေးဘူး တစ်ခုခုဖြစ်သွားရင် ထွက်လိုက်ရတာပဲ အဖတ်တင်မယ်။ မထွက်ချင်သေးဘူး။

Q:

အနုပညာနဲ့ ပတ်သတ်ပြီး ကိုယ်ခံယူထားတဲ့ ခံယူချက်ဆိုတာမျိုးရော ရှိပါလား….

Ans:

ဟာ ….. အဲလောက်ကြီးကြီး မားမားကြီး မရှိဘူး။ ကျွန်တော်ပုံမှန် အတိုင်းပဲ နေချင်တယ်။ အဲ့လို ငါအနုပညာသမား အဲလိုမျိုးတွေ ကျွန်တော့မှာမရှိဘူး။ ကျွန်တော် ဝါသနာပါလို့ ကျွန်တော် လုပ်နေတယ်။ ကျွန်တော်အဲလိုပါ ခံယူထားပါတယ်။ လူငယ်တွေ အတွက်ကတော့ တစ်ခုခုဖြစ်ချင်ရင် စိတ်ပါလက်ပါလုပ်။ အဲဒီ တစ်ခုကိုစောက်ချပြီးလုပ် တစ်နေ့နေ့ တစ်ခုခုတော့ ဖြစ်ကိုဖြစ်ရမယ်။

Q:

ကျေးဇူးတင်ပါတယ် ကိုရန်ရန်ချန်း။

Ans:

ဟုတ် ကျွန်တော်ကလည်းကျေးဇူးပါ။

Friday, September 21, 2007

ချစ်သုဝေ



Artist Name:

Chit Thu Wai

Real Name:

Chit Thu Wai, Treza

Nick Name:

Treza, Palarta, So many ....

Date of Birth:

10th August


Place of Birth:

Yangon

Religion:

Christian

Race:

Myanmar

Marital Status:

Single

Favourite Colour:

Most of the color

Favourite Song:

Yummy (Gwen Stefani)

Favourite Book:

Over the Hedge

Favourite Movie:

Taut To Gyun

Role Model:

Mother Theresa

Favourite Music:

Rocks

Favourite Writer:

-

Favourite script writer:

-

Favourite Director:

-

Favourite Actor & Actress:

-

Favourite Vocalist:

Gwen Stefani

ဇင်ဇင်ဇော်မြင့်





Artist Name:

ဇင်ဇင်ဇော်မြင့်

Real Name:

မေသဇင်

Nick Name:

မေလေး

Date of Birth:

၂၃.၆.၈၅

Place of Birth:

ရန်ကုန်

Religion:

ဗုဒ္ဓဘာသာ

Race:

ဗမာ

Marital Status:

Single

Favourite Colour:

Sky Blue

Favourite Song:

HipHop

Favourite Book:

Fashion

Favourite Movie:

Honey

Role Model:

မခိုင်(ထွန်းအိန္ဒြာဗိုလ်)

Favourite Music:

HipHop

Favourite Writer:

-

Favourite script writer:

-

Favourite Director:

-

Favourite Actor & Actress:

ကြိုက်တာတွေက အများကြီးပဲ။

Favourite Vocalist:

အများကြီးပဲ