Saturday, September 15, 2007

Interview with Bo Lay

ဘယ်တုန်းက ဂီတလောကထဲကို ၀င်လာဖြစ်ခဲ့တာလဲ။
၂၀၀၂ ခုနှစ်ကတည်းကပါ။ ရဲလေးနဲ့တွဲပြီး ဗိစေအသမ ဆိုတဲ့နာမည်နဲ့ ¸စ်ပ်ဟော့ အဖွဲ့အနေနဲ့ ၀င်လာဖြစ်တာ။ နောက်မှ တစ်ကိုယ်တော်ဖြစ် သွားတာ။

» ဟစ်ပ်ဟော့ဂီတကို ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲ။
¸စ်ပ်ဟော့က လူငယ်တွေကို ကိုယ်စားပြုသလို လွတ်လပ်တယ်လို့ ခံစားမိ ပါတယ်။

» ဘာကြောင့်ဟစ်ပ်ဟော့လိုင်းကို ရွေးဖြစ်သွားတာလဲ။
ဒီတေးဂီတကကျွန်တော်ငယ်ငယ်ကတည်းက ရင်းနှီးလာရတဲ့ဂီတတစ်ခုပါ။ အဲဒီအချိန်တုန်းကတော့ သေသေချာချာ နားမလည်ခဲ့ပါဘူး။ နောက်ပိုင်း လေ့လာပြီးတဲ့နောက်မှာ ဒီတေးဂီတကိုနားလည်လာပြီး အရမ်းကြိုက် မိသွားပါတယ်။

» ဘိုလေးရဲ့အခွေထွက်ဖို့ ကြာသွားတာ ဘာကြောင့်လဲ။
စစချင်း ပေးထားတဲ့ အခွေနာမည်က ဆင်ဆာမလွတ်လို့ပါ။ အခုနာမည်
]ဂီတနှင့်အတူက}က နောက်မှ ပြန်ပေးထားတဲ့နာမည်ပါ။ စာသားတွေအားလုံး ကျွန်တော် ကိုယ်တိုင်ရေးထားတာ။ ဒီအခွေအတွက် အချိန်နှစ်နှစ်လောက် ရင်းခဲ့ရပါတယ်။

» ဂီတကို ဘိုလေး နားလည်သလို အဓိပ္ပာယ်ဖွင့်ပြပါဦး။
ဂီတကနေတစ်ဆင့် လူတွေဆီကို ကိုယ်ပြောချင်တာတွေ ပြောလို့ရပါတယ်။ နောက်ပြီး ဂီတနဲ့ စိတ်ညစ်တာတွေကို ဖြေဖျောက်လို့ရပါတယ်။ ကျွန်တော့ဂီတနဲ့ ပရိသတ်တွေရဲ့ စိတ်ညစ်တာတွေကို ဖြေဖျောက် ပေးချင်ပါတယ်။

» လူကြီးတွေရဲ့ ဟစ်ပ်ဟော့ဂီတအပေါ် တစ်မျိုးမြင်နေတာကို ဘိုလေး ဘယ်လို ပြောချင်လဲ။
ပွင့်ပွင့်လင်းလင်းပြောရရင် ဒီဂီတရဲ့ပုံစံကိုက လွတ်လပ်ပွင့်လင်းပါတယ်။ ကိုယ်ပြောချင်တာ၊ ခံစားနေရတာတွေကို ရေးချပြီး ဆိုခွင့်ရှိပါတယ်။ နောက်တစ်ချက်က ဒီဂီတက လူငယ်တွေအများစု နှစ်သက်လက်ခံကြတာဖြစ်လို့ တစ်ခါတလေမှာ လူငယ်သဘာဝ စာသားတွေက လူကြီးတွေ အမြင်မှာ ရိုင်းတာမျိုးဖြစ်မှာပါ။ ဒီလိုဖြစ်ခဲ့ရင်လည်း ကျွန်တော်တို့က တောင်းပန်ရမှာပါ။

» ဘိုလေးရဲ့စင်ပေါ်က အမှတ်တရအဖြစ်အပျက်လေးတွေများ ရှိရင်..။
ကျွန်တော်စင်ပေါ်မှာစစချင်းသီချင်းဆိုဖူးတာက အထက်တန်းကျောင်းသားဘ၀တုန်း ကပါ။ ဒါပေမယ့် တကယ့် အဆိုတော်ဖြစ်လာပြီး စင်ပေါ်တက်ရတဲ့ အချိန်မှာတော့ ရင် အရမ်းတုန်နေ မိပါတယ်။

» အခု ဘာအစီအစဉ်တွေရှိလဲ။
ကျွန်တော်ရယ်၊ ရသရယ်၊ ချမ်းအေးဝင်းရယ် သုံးယောက်ပေါင်းပြီး ]ဗြောက်အိုး} ဆိုတဲ့ နာမည်နဲ့ အခွေထွက်ဖို့ စီစဉ်နေပါတယ်။

» တခြားအခွေတွေမှာ ဘိုလေး ၀င်ဆိုထားတာတွေရော ရှိလား။
ရှိပါတယ်။ အဖွဲ့အခွေစုစုပေါင်း ၁၀ ခွေလောက် ရှိမယ်ထင်တယ်။

» ဟစ်ပ်ဟော့ဂီတလောကအပေါ် ဘိုလေးအမြင်က..။
ကျွန်တော်ပြောချင်တာက ကိုယ့်ကိုယ်ပိုင်ဂီတကိုပဲ ဖန်တီးပါလို့။ သူများတွေကို လိုက်မတု ကြပါနဲ့လို့။

No comments: