Saturday, September 15, 2007

Interview With Phyu Phyu kyaw thein



ဖြူဖြူကျော်သိန်းနဲ့ဆုံဖြစ်ခိုက် သူ့ရဲ့ဒုတိယစီးရီးနဲ့

ပတ်သက်ပြီး ယခုလိုမေးမြန်းလုပ်ခဲ့ပါတယ်။

MC မှာပြုလုပ်မယ့် ဖြူဖြူရဲ့ Onelady Showသတမှာ
ဘယ်လို Performance အသစ်တွေကို တည်ဆောက်ထားသလဲ။

အသစ်ကြီးရယ်လို့တော့မဟုတ်ပါဘူး။ အဓိကသီချင်းတွေကိုပဲ အားရပါးရသီဆိုမှာပါ။ အဲဒီလိုဆိုရင်းနဲ့ ဖြူဖြူလုပ်နေကျ Performance ပုံစံတွေနဲ့ရှုပ်ယှက်ခက်စွာ မြင်ရမှာပေါ့လေ။(ရယ်လျက်) ထုံးစံအတိုင်းပဲပေါ့။ သီချင်းအပုဒ်၂၀နဲ့၂၅ကြားလောက်ဆိုမှာ
ဆိုတော့ ၀တ်စုံ၎စုံ ၅စုံလောက်တော့ လဲရမယ်ထင်ပါတယ်။

ဧပြီ ၁ရက်နေ့လုပ်မယ်ဆိုတော့ ဆယ်တန်းစာမေးပွဲဖြေပြီးတဲ့ ကလေးတွေအတွက် အဓိကများကျနေမလား။

ဟုတ်ပါတယ်။ တချို့တွေဆိုရင် အရမ်းကြည့်ချင်တယ်။
ဒါပေမဲ့ အချိန်မအားဘူး။ ဖြူဖြူ့မွေးနေ့ပွဲတုန်းက အသံပဲကြားရပြီး
လှည့်ပြန်သွားရတဲ့ပရိသတ်တွေရှိတယ်။ တချို့ပရိသတ်တွေကလည်း
ထိုင်ခုံလေးနဲ့ကြည့်ချင်တယ်ဆိုပြီး တောင်းဆိုကြတယ်။ ဆယ်တန်းကလေးတွေက သူတို့စာမေးပွဲဖြေပြီးတဲ့အချိန်မှာ လုပ်လိုက်တော့ သူတို့တွေလည်း ကြည့်လို့ရအောင်ပါ။ ကိုကျော် EZY ကလည်း အဲဒီလိုတွက်ပြီး တော့ ဧပြီ ၁ ရက်နေ့ကိုစီစဉ်ခဲ့တာပါ။

ဒုတိယစီးရီးထဲမှာ ဘယ်သူတွေရေးပေးထားသေးလဲ။
သီချင်းက ၁၂ပုဒ်ပါတယ်။ တစ်ပုဒ်ပဲ Ownပါမယ်။ ကျန်တာက Copy တွေချည်းပဲ။
တေးရေးတွေက ၀င်းမင်းထွေး၊ မြင့်မိုးအောင်၊ စောခူဆဲ၊ မောင်မောင်ဇော်လတ်၊
နောင် နောင် SF နဲ့ ဖြူဖြူပါ။ IC နဲ့ပဲတီးထားပါတယ်။ တစ်ပုဒ်ထဲထူးထူးခြားခြားပါတဲ့
Own Tune ကို ကိုနောင်နောင် က ရေးပေးထားပါတယ်။

ဖြူဖြူရဲ့ Fun Club အဖွဲ့ဝင်တွေကိုရော MCC အတွက်စီစဉ်ပေးထားသေးလား။
စီစဉ်ပေးမှာပါ။ ဖြူဖြူအခုကို ကျော်ဇင်သိန်း EZY ညှိနေပါတယ်။

ဖြူဖြူကိုယ်တိုင်ရေးထားတဲ့ သီချင်းတစ်ပုဒ်က ဘယ်သူ့သီချင်းလဲ။
မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားသီချင်းပါ။ ကမ္ဘာကျော် Gun and Roses
အဖွဲ့ရဲ့အဆိုတော် Axel Rose ရဲ့သီချင်းပါ။ Avrial Lavigne တောင်
Version ပြောင်းပြီးပြန်ဆိုထားသေးတယ်။ မြန်မာပရိသတ်ကြီးသိပြီးသားပါ။
ဖြူဖြူကတော့ ဖြူဖြူ့ရဲ့Version နဲ့ပဲ ဆိုမှာပါ။ ဘယ်သူနဲ့မှတူမှာမဟုတ်ပါဘူး။

စီးရီး Title ကိုရော ရွေးပြီးသွားပြီလား။
"ချစ်သူ့အမုန်းကျိန်စာ"လို့ပေးထားပါတယ်။

No comments: