Saturday, September 15, 2007

Interview with စိုင်းစိုင်းခမ်းလှိုင်

၁။ ပထမဦးဆုံး ကိုစိုင်းစိုင်း ရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုလေးကို သိချင်ပါတယ်။
Recording လက်စသတ်စရာလေးတွေလုပ်နေတယ်။

၂။ ဘာကြောင့် Hip Hop ဆိုတဲ့ ဂီတကို ရွေးချယ်သီဆို ဖြစ်ခဲ့တာပါလဲ။
ကြိုက်လို့ပါ။

၃။ ဒီလို အောင်မြင်လာတဲ့ အနုပညာရှင်တစ်ယောက်ရဲ့ ပေးဆပ်မှုတွေက ဘာတွေဖြစ်မလဲ။
အချိန်၊ လူငယ်ဘယ်တစ်ခုလုံး၊ လူတွေကို ပြောချင်ရာပြောခွင့်ပေးထားရခြင်း၊ ဇွဲ၊ ၀ီရိယ၊ ပိုက်ဆံ၊ အားထုတ်မှု၊ etc……

၎။ သရုပ်ဆောင်နဲ့ အဆိုတော် ဘယ်ဘ၀ကို ပိုပြီး တန်ဘိုးထားပါသလဲ။
နှစ်ခုစလုံးက ရုန်းကန်မှုအကြီးကြီးလုပ်ပြီးမှ ရတဲ့ဘ၀ဖြစ်တဲ့အတွက် နှစ်ခုစလုံးကို တန်ဖိုးထားပါတယ်။

၅။ ကိုစိုင်းစိုင်းအနှစ်သက်ဆုံး Musical Instrument ကိုလည်း သိပါရစေ။
စန္ဒရား Hollow ဂစ်တာ။

၆။ တိုးတက်လာတဲ့ ခေတ်ကြီးမှာ အင်တာနက်ဆိုတာလည်း လူတိုင်းအတွက် လိုအပ်ချက်တစ်ခု ဖြစ်လာတယ်လေ။ ဒီတော့ ကိုစိုင်းစိုင်းအပေါ်မှာ အင်တာနက်ရဲ့ လွှမ်းမိုးမှုက ဘယ်အတိုင်းအတာထိ ရှိနေပါသလဲ။
ကျွန်တော်ဟာ အင်တာနက်ကို ဆေးလိပ်လိုစွဲနေတယ်။ တစ်ခါတစ်ခါ ဖြတ်ထားနိုင်ပေမယ့် ခဏခဏပြန်ငြိတယ်။ (အလုပ်အတွက်လိုသလောက်ဘဲ သုံးတာကို ပြောတာမဟုတ်ဘူးနော်)

၇။ အင်တာနက်ကို လူတိုင်းမဖြစ်မနေကြည့်သင့်တယ်လို့ ထင်ပါသလား။
လိုသလောက်ဘဲ ကောင်းတယ်.. ညလုံးပေါက် အင်တာနက်လိုင်းစီးနေရင် ကျန်းမာရေး ထိခိုက်တယ်။


၈။ အနုပညာရှင်တစ်ယောက်အတွက် စတိုင်လ်ရှိဖို့က ဘယ်လောက်ထိအရေးပါတယ်လို့ ထင်ပါသလဲ။
ရုံးဝန်ထမ်းတစ်ယောက် ဒဒါမှမဟုတ် ကျောင်းသားတစ်ယောက်မှာ စတိုင်ရှိပေါ့ ဘယ်လောက်အရေးပါသလဲ…
ကျော်ကြားသူတစ်ယောက်မှာ အဲဒါထက်တော့ ကိုယ်ပိုင်ဟန် ရှိကြတယ်။

၉။ ကိုယ့်ရဲ့ ဖက်ရှင်စတိုင်လ်ကို ဆန်းသစ်အောင် ဘယ်လိုမျိုးပြုမူနေထိုင် ပါသလဲ။
စိတ်ပါရင် ပါသလိုပဲ… တစ်ခါတစ်လေလည်း အဲဒါကြီးကိုလုပ်နေဖို့ ပျင်းတယ်… ရေစီးကြောင်းထဲမျောပြီးလိုက်တယ်။ စိတ်ပါလာရင် ကမ်းပေါ်ပြေးတက်ပြီး ဟိုး.. အရှေ့ကသွားစောင့်တယ်။

၁၀။ ကိုစိုင်းစိုင်းရဲ့ Hair Style ပြောင်းလဲမှု Frequency ကိုလည်း တစ်ချက်ပြောပြပေးပါ။ တစ်နှစ်မှာ ဘယ်နှစ်ကြိမ်လောက် ပြောင်းလဲဖြစ်ပါသလဲ။
ကျွန်တော့စိတ်ရဲ့ အနိမ့်အမြင့် အတက်အကျပေါ်မူတည်ပြီး ကျွန်တော့ဆံပင်ကိုညှပ်တယ်။

၁၁။ နိုင်ငံတကာမှာရော ကိုစိုင်းစိုင်းလေးစားရတဲ့ အနုပညာရှင်တွေက ဘယ်သူတွေဖြစ်မလဲ။
သိပ်များလွန်းလို့ Page (၆၀) လောက်ဖြစ်သွားလိမ့်မယ်။

လူတစ်ယောက်ချင်းစီမှာ လေးစားစရာ တစ်ကွက်ရယ် အမြင်ကပ်စရာ တစ်ကွက်ရယ်တော့ အနည်းဆုံးရှိကြတယ်ဗျ။

၁၂။ စတိတ်ရှိုးတွေ ဆိုတဲ့အခါ ပြည်ပက ရှိုးတွေနဲ့ ပြည်တွင်က ရှိုးတွေရဲ့ ကွာဟချက်လေးကိုလည်း သိပရစေ။
ပြည်ပက show လည်း မြန်မာပရိတ်သတ်ပဲ.. ပြည်တွင်း show လည်းမြန်မာပရိတ်သတ်ပဲ..

၁၃။ ပြည်ပက ပရိတ်သတ်တွေနဲ့ ဒီကပရိတ်သတ်တွေ အားပေးမှုအတိုင်းအတာက ဘယ်လိုရှိပါသလဲ။
အတူတူပဲ. Bangkok မှာဆိုနေရတာနဲ့ Mandalayမှာဆိုနေရတာ တစ်ပုံစံတည်းပဲ။

၁၄။ နောက်တက်လာတဲ့ မျိုးဆက်သစ် အနုပညာရှင်လေးတွေကို ဘာများပြောချင်ပါသေးလဲ။
သိဘူး ..

၁၅။ နောက်ဆုံးအနေနဲ့ ကိုစိုင်းစိုင်းရဲ့ ချစ်ရေး ချစ်ရာလေး သိပရစေ။
လောလောဆယ်တော့ singer ပဲ။ရှေ့လျှောက်အလုပ်လုပ်ဖို့ ပါရမီဖြည့်ဖက်တော့လိုတယ်ဗျ။

၁၆။ ကိုစိုင်းစိုင်းကို ဆက်သွယ်မယ်ဆိုရင် ဘယ်လိုဆက်သွယ်နိုင်ပါသလဲ။

No comments: