Thursday, September 13, 2007

ဝိုင်ဝိုင်းရဲ့ 'ထာဝရ' ကိုယ်ပိုင်သံစဉ်စီးရီး မကြာမီထွက်ရှိမည်





Iron Cross Rock Band ရဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ ၀ိုင်ဝိုင်းဟာ စက်တင်ဘာလကုန်လောက်မှာ သူ့ရဲ့အခွေထွက်ရှိတော့မယ့် အကြောင်းကို သြဂုတ်လ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ IC Show ပွဲမှာ ပရိသတ်ကို ကြေညာသွားခဲ့ပါတယ်။ ဒီအခွေဟာ သူ့ရဲ့ပထမဆုံး ကိုယ်ပိုင်သံစဉ် အခွေဖြစ်ကြောင်းနဲ့ စီးရီးခေါင်းစဉ်ကို 'ထာဝရ'လို့ အမည်ပေးထားကြောင်း သိရပါတယ်။ ၀ိုင်ဝိုင်းဟာ သူ့ရဲ့ပထမဆုံး စီးရီး 'နေဆယ်စင်း'ကနေ ယခုနောက်ဆုံးထွက်ထားတဲ့ 'သမင်လည်ပြန်'စီးရီးအထိ ပရိသတ်အမာခံရပြီးသား အဆိုတော်တစ်ယောက် ဖြစ်ပါတယ်။ အခု သူ့ရဲ့ပထမဆုံး ကိုယ်ပိုင်သံစဉ်အခွေ 'ထာဝရ'ကို The Sun Music Production က ဖြန့်ချိမှာဖြစ်ပါတယ်။

No comments: