Sunday, September 16, 2007

သုခကမ္ဘာ ဆေးခန်းမှာ တက်ခဲ့တယ်ဆိုတာ...........


အဆိုတော် သရုပ်ဆောင် သဇင်ဟာ ဗီဒီယိုကားများစွာ အောင်မြင်စွာ ရိုက်ကူး နေတာ တွေ့ရပါတယ်။ ခုရက်ပိုင်း အတွင်း ကျန်းမာရေးကြောင့် ဆေးရုံ ရုတ်တရက် တက်ခဲ့ရကြောင်း မှန်မမှန် တွေ့ဆုံ မေးမြန်းရာတွင် “သမီး အကျိုးပြုကာျး ရိုက်ပြီး ပြန်လာတာ မကြာသေးဘူး။ ဒါရိုက်တာ ဦးစိုး(မလိခ)ရဲ့ ကြယ်စင်သက်သေ ကားပါ။ ကိုနေတိုး၊ ရဲလေး၊ ထွန်းထွန်း၊ အိန္ဒြာကျော်ဇင်တို့ ပါတယ်”။

ဒီကားမှာ ကိုနေတိုးရယ်၊ သမီးရယ် ပြီးတော့ ရဲလေး၊ ထွန်းထွန်းတို့က သူငယ်ချင်း။ စာတော်ပြီးတော့ ဆရာဝန်ဖြစ်သွားတယ်။ သမီးနဲ့ ရဲလေးနဲ့ သဘောတူ ထားတယ်။ ဒါပေမဲ့ ကိုနေတိုး၊ ရဲလေးက စာမေးပွဲကျတယ်။ နောက်ပြီးတော့ ကိုနေတိုး စာမေးပွဲကျလို့ တစ်ဘက်နိုင်ငံ ကို တရားမဝင် သွားတယ်။ ဒီလို ဇာတ်လမ်းမျိုးပါ။ သမီးနယ်က ပြန်ရောက်ရောက်ချင်း Strand Hotel မှာ သီချင်းဆိုဖြစ်တယ်။

သမီး လက်ရှိတော့ နယ်ပွဲတွေမှာလည်း သီချင်းဆို ဖြစ်တယ်။ သရုပ်ဆောင်တာနဲ့ သီချင်းဆိုတာ နှစ်ခုလုံး မျှတတဲ့ သဘောပါ။ သမီးနယ် မသွားမီ သုခကမ္ဘာ ဆေးခန်းမှာ ဆေးကုသခွင့် ခံယူရတယ်ဆိုတာ လုံးဝ မဟုတ် မမှန်ပါဘူး။ ကောလဟာလ သတင်းသာ ဖြစ်ပါတယ်။ သမီးဇာတ်ကားတွေသာ အဆက်မပြတ် ရိုက်ကူးခဲ့တာ ဖြစ်တယ်။

No comments: