Thursday, September 13, 2007

လေးဖြူရဲ့ "ခဏလေးများ ဗီစီဒီ" စက်တင်ဘာ ၁၈ ရက်နေ့ထွက်မည်


Iron Cross တေးထုတ်လုပ်ရေးမှ ဒေါက်တာကိုကိုလွင်နဲ့ ဆုံဖြစ်ခိုက် လေးဖြူရဲ့ခဏလေးများ ဗီစီဒီအကြောင်း
မေးကြည့်ခဲ့ရာ...
''ကျွန်တော်တို့ Iron Crossတေးထုပ်လုပ်ရေးကနေ လေးဖြူရဲ့ ခဏလေးများဗီစီဒီကို ဖြန့်ချိမယ်ဆိုတာ အစောကြီးကတည်းက ပြောထားပြီးသားပါ။ ထွက်မယ်၊ ထွက်မယ်နဲ့ အခုတော့ တကယ်ထွက်လာခဲ့ပါပြီ။ အခုလာမယ့် စက်တင် ဘာ (၁၈)ရက်နေ့မှာစောင့်ပြီး မြန်မာတစ်ပြည်လုံးကို ဖြန့်ချိတော့မှာပါ။ ဒါရိုက်တာအဖြစ် ပီတာက ရိုက်ကူးထားပါတယ်။ ရန်ကုန်မှာ ရိုက်ကွင်းတည်တာ ပိုများပါတယ်။ နောက်ကျိုက်ထိုဘက်မှာလည်း သွားရိုက်ထားပါသေးတယ်။ ဗီစီဒီရော၊ ဒီဗီဒီရော အားလုံးကို Protect မလုပ် ထားပါဘူး။ ဘာဖြစ်လို့မလုပ်ထား တာလည်းဆိုတော့ ဒီဗီစီဒီနဲ့ဒီဗီဒီကို IC ရဲ့ အမာခံပရိသတ်ကြီးကို အဓိကရည်ရွယ်ထားတဲ့အတွက်ပါ။ လေးဖြူက သီချင်းအားလုံးမှာ ပါဝင် သရုပ်ဆောင်ထားပါတယ်။ MTV ပုံစံတွေ ရိုက်ထားတာပါ။ တခြား သရုပ်ဆောင်တွေ အနည်းငယ်လည်းပါတယ်။ IC Group ကတော့ အကုန်ပါပါတယ်။ ဒီခဏလေးများရဲ့ ထူးခြားချက်ကတော့ ဗီစီဒီရော၊ ဒီဗီဒီရော နှစ်မျိုးစလုံးကို တူညီတဲ့ဈေးနှုန်းနဲ့ ရောင်းမှာဖြစ်ပါတယ်''လို့ ပြောကြားခဲ့ပါတယ်။

No comments: