Saturday, September 15, 2007

Interview with ရဲလေး


ခုလက်ရှိ ကိုရဲလေး ဘာတွေလုပ်နေပါသလဲ။
အခုလက်ရှိ အိမ် ဗီစီဒီ ထွက်ထားပါတယ်၊ သီချင်းအသစ်တွေအတွက် နည်းနည်း ခေါင်းစား နေပါတယ်။

နောက်ပိုင်းမှာ ကြော်ငြာတော်တော်များများမှာလည်း တွေ့လာရတယ်နော်။ သရုပ်ဆောင်ဘာက်ကိုရော ဇောက်ချပြီး လုပ်မှာလားရှင့်။
ဟုတ်ကဲ့ သရုပ်ဆောင်ဘက်ကိုလည်း သေချာလုပ်သွားမယ်၊ ဂီတဘက်ကိုလည်း အကောင်းဆုံးဖြစ်အောင် လုပ်သွားပါ့မယ်။

ကိုရဲလေး ဖြတ်သန်းခဲ့ရတဲ့ ဘ၀မှာ ကြုံတွေ့ရတဲ့ အမှတ်တရမရှိဆုံးအရာက ဘာဖြစ်မလဲဟင်။
နည်းတော့နည်းပါတယ်။ သိပ်လည်းမမှတ်ဖြစ်ပါဘူး။ အမှတ်တရမရှိတာ သိပ်မရှိဘူး ခင်ဗျာ၊

ရေးခဲ့ပြီးတဲ့ သီချင်းတွေထဲက ကိုရဲလေး အားအရဆုံး သီချင်းတွေကိုလည်း ပြောပြပေးပါ။
I don't know သီချင်း၊ အချစ်မရှိမှာဘဲ... ငါ ၊ အိမ်၊ ထိပ်ဆုံးမှာအမေ၊ သီချင်းတွေကို ပိုပြီးအားရပါတယ်။

လက်ရှိမှာ ကိုရဲလေးရဲ့ ပရိတ်သတ်တွေက မိန်းကလေးတွေများတယ်လေ။ ဒီတော့ သူတို့တွေကို ဆွဲဆောင်နိုင်တဲ့ ကိုရဲလေးရဲ့ ပင်ကို အားသာချက်ကလေးကို ပြောပြလို့ရမလားရှင့်။
လက်ရှိ မိန်းကလေးတွေအပြင် ယောက်ျားလေးတွေလည်း များလာပါပြီ။ အားသာချက်ကတော့ ရုပ်ရည်ကလွဲပြီး အရည်အချင်းကို ပိုပြီးဦးစားပေးလို့၊ အနုပညာကို မညာလို့ ထင်ပါတယ်။

အနုပညာ အလုပ်တွေကိုရော ဘယ်အချိန်ထိလုပ်သွားဖို့ ရည်ရွယ်ပါသလဲ။
ပရိတ်သတ် ကျွန်တော့ကို လက်ခံနိုင်တဲ့ အချိန်ထိပေါ့၊

ကိုရဲလေး လေးစားရတဲ့ အနုပညာရှင်တွေကိုလည်း ပြောပြပေးပါအုံး။
ပြည်ပမှာတော့ အားလုံးကိုလေးစားတယ်၊ ပြည်တွင်းမှာတော့ ကိုစည်သူလွင်ကိုပေါ့။

အဆိုတော်၊ မင်းသားတစ်ယောက်အတွက် စတိုင်လ်ဆိုတာ ဘယ်လောက်ထိ အရေးပါပါသလဲ။
ကျွန်တော စတိုင်ကို အလေးထားတာ ကျွန်တော့ပရိတ်သတ်ကြီး သိပါတယ်။

ကိုရဲလေးအနှစ်သက်ဆုံး ဖက်ရှင်စတိုင်လ်ကိုလည်း သိပရစေ။
အခုအရွယ်မှာ Hip Hop စတိုင်၊ ၃၅နှစ်လောက်မှာဆိုရင် အနောက်တိုင်းဆန်ဆန် နက်ခ်တိုင်တိုင်တို့၊ ကုတ်အင်္ကျီတို့နဲ့ပေါ့။

Hair Style ကိုရော ဘယ်သူနဲ့ အဓိကပြောင်းဖြစ်ပါသလဲ။
အဓိကပြောင်းလဲတာကတော့ ကျွန်တော့ဆံပင်ပုံစံကို သိတဲ့လူနဲ့ပေါ့ ပြောင်းဖြစ်ပါတယ်။

အမြဲအသုံးပြုနေကျ Hair Care Products တွေကိုလည်း ပြောပြပေးပါအုံး။
အများကြီးပါဘဲ၊ ဂျယ်လ်တစ်ခုတော့ ပြောပြပါ့မယ်၊ ဗိုက်တာကိုဂျယ်လ်တွေကို သုံးဖြစ်နေပါတယ်။

ရဲလေးဖက်ရှင် လို့ပြောမယ်ဆိုရင် ဘယ်လိုဖက်ရှင်မျိုးကို ပြောလို့ရပါမလဲ။
ပရိတ်သတ်ကိုပဲ မေးကြည့်ပါ။

Fashion Trend ရဲ့ပြောင်းလဲမှုနောက်ကိုရော အမြဲတစေ လိုက်နေပါသလားရှင့်။
လိုက်ဖြစ်ပါတယ်၊ Up to Date ဖြစ်အောင်ပေါ့။

နောက်ဆုံးအနေနဲ့ ကိုရဲလေးရဲ့ ငြိမ်သက်နေတဲ့ အချစ်ရေးအကြောင်းကိုလည်း သိချင်ပါတယ်။ စလှုပ်ရှားနေပြီလားရှင့်။
အချိန်မရှိလို့ သေချာမလှုပ်ရှားဖြစ်သေးပါဘူး၊ ကောလဟာလက ပေးတဲ့ရည်းစားတွေ ဆိုရင်တော့ အများကြီး ရှိတာပေါ့၊ ဟီး.. .. ဟီး

ကိုရဲလေးကို ဆက်သွယ်မယ်ဆိုရင်ရော။
အမှတ်- ၁၄၊ ဓမ္မ၀ိဟာရလမ်း၊ ၇(B) ၊ ကျောက်မြောင်း၊ ရန်ကုန်မြို့။

ဒီ interview လေးအတွက် ကူညီခဲ့ကြတဲ့ မpinkgold နှင့် lexicon Team ကို အထူးဘဲကျေးဇူးတင်ပါတယ်

No comments: