Saturday, September 15, 2007

Interview with ဆုပန်ထွာ


ပန်ပန် အခုလက်ရှိရောက်နေတဲ့အနေအထားနဲ့ ပန်ပန်ဖြတ်သန်းခဲ့ရတဲ့အချိန်တွေ ယှဉ်ထိုးလိုက်ရင် အခုအနေအထားက အားနည်းနေမလား။
အဲဒါကတော့ဟုတ်ပါတယ်။ သမီးရဲ့ကြိုးစားအားထုတ်မှုနည်းနေလို့ ဖြစ်ပါလိမ့်မယ်။ ကိုယ့်ထက်စီနီယာကျတဲ့ အစ်မတွေကလည်းရှိတော့ ဇာတ်ကားတွေက မျှပြီးရိုက်ရသလိုပေါ့နော်။ သမီးကတော့ ဘယ်လိုဇာတ်ရုပ်ပဲလာလာ သဘာဝကျအောင်ကြိုးစားပါတယ်။ အခုအချိန်အထိတော့ ကြိုးစားဆဲပေါ့။ ကံ၊ Óဏ်၊ ၀ီရိယအားလုံးစုံမှ နံပါတ်(၁) ဖြစ်မှာပါ။

ဒီနှစ်ပိုင်းမှာ ရုပ်ရှင်ကြီးတွေရော ရိုက်ဖြစ်ဦးမလား။
ရုပ်ရှင်ကားကြီးတွေ သမီးကို လာမငှားကြဘူး။ သူတို့လာငှားမှ သမီးကရိုက်ရတာလေ။

သရုပ်ဆောင်တာ သဘာဝကျတယ်လို့ပြောကြတယ်။ အဲဒီအတွက် ပန်ပန်ရဲ့ပြင်ဆင်မှုက ဘာဖြစ်မလဲ။
အရင်ကတည်းက အရမ်းလှချင်တဲ့အထဲမှာမပါပါဘူး။ မင်းသမီးဖြစ်နေလို့သာ ငါလှရမယ်ဆိုတဲ့စိတ်နဲ့ အလှပြင် တာပါ။ ယောက်ျားလေးလိုနေလာတာဆိုတော့ သဘာဝကျကျပုံစံဖြစ်တာနေမှာပါ။ သမီးအတွက် တကူးတကကြီး လုပ်ယူစရာ သိပ်မလိုဘူးလေ။

ကားရိုက်လာကမ်းလှမ်းရင် နယ်ကား၊ မြို့ကား ခွဲခြားလက်ခံလား။ ကိုယ်လုပ်ရမယ့်ဇာတ်ရုပ်ကိုပဲ စိတ်ဝင်စားတတ် လား။
ချိန်တော့ချိန်ရတာပါပဲ။ ကိုလွင်မိုးတို့၊ ကိုလူမင်းတို့ဆိုလည်း ဇာတ်ကိုသေချာကြည့်ဖို့ သင်ပေးပါတယ်။ ကိုယ်နဲ့ မလိုက်တဲ့ကာရိုက်တာဆို မလုပ်တာအကောင်းဆုံးပါပဲ။ သမီးမလုပ်ချင်တဲ့ကာရိုက်တာကတော့ အမေခန်းပါပဲ။ အခု အသက်အရွယ်နဲ့ပြောတာပါ။ တစ်ခါလုပ်ကြည့်ဖူးတယ်။ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပြီး ရယ်ချင်တယ်။ ဇာတ်လမ်းကောင်း မယ်ဆိုရင် နယ်ကား၊ မြို့ကားမခွဲခြားပါဘူး။ မင်းသားလည်း မရွေးပါဘူး။ ကိုယ်လုပ်ရမယ့် ကာရိုက်တာကိုပဲ ချိန်တာ ပါ။

No comments: