Saturday, September 15, 2007

Interview with Lu Min

မြန်မာ-ကိုရီးယားရုပ်ရှင်နှီးနှောပွဲမှာ အနုပညာသည်အခန်းကဏ္ဍက ကိုလူမင်း ဘာတွေဆွေးနွေးခဲ့သလဲ။

သရုပ်ဆောင်၊ ဒါရိုက်တာတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံရုပ်ရှင်လောကရဲ့အကြောင်းနဲ့ ကျွန်တော်တို့ ကျင်လည်နေရ တဲ့အနေအထားကို ဆွေးနွေးခဲ့ပါတယ်။ အနည်းအကျဉ်းလောက်ပါပဲ။ သူတို့က နိုင်ငံခြားသားဆိုတော့ ကျွန်တော်တို့ လောကသားတွေ လတ်တလောလှုပ်ရှားနေရတဲ့အကြောင်းကို သိစေချင်လို့ပါ။

ကိုရီးယားလူမျိုးတွေနဲ့ နှီးနှောဖလှယ်ပွဲလုပ်ဖြစ်တာဟာ အခုမြန်မာပြည်မှာ ကိုရီးယားဇာတ်ကားတွေ ပရိသတ်လက်ခံ နေလို့ပါလား။
ဒီပွဲလေးကို စစီစဉ်တာ မောင်မိုး(လွင်မိုး)ပါ။ နောက် ကိုလူမင်း ပါဝင်ပေးပါတဲ့။ ကိုယ့်ဘက်ကလည်ျးွှမောူပျွှနူခသာနပဲလေ။ အမြဲတမ်း ကျွန်တော်ပြောဖြစ်ပါတယ်။ မြင်းမိုရ်တောင်ကြီးမြင့်တယ်ဆိုပြီး ထိုင်ကြည့်နေလို့ကတော့ အဲဒီနေရာမှာပဲ သေသွားမှာပေါ့နော်။ တစ်လှမ်းဖြစ်ဖြစ်၊ နှစ်လှမ်းဖြစ်ဖြစ် တက်နိုင်သလောက် တက်သင့်တယ်လေ။ ဒီပွဲလုပ်လိုက်လို့ မြန်မာ့ရုပ်ရှင် ကမ္ဘာကျော်သွားမယ်၊ ၀င်ငွေတွေသန်းနဲ့ချီဝင်မယ်တော့ မဟုတ်ဘူးပေါ့။ ဒီလိုပဲ အခါအခွင့်၊ အဆက်အသွယ်၊ အခွင့်အရေးကို ကျွန်တော်တို့ မျက်စိဖွင့်၊ နားစွင့်ပြီး စောင့်နေရမှာ။ အခု ကိုရီးယားတွေက လာဆွေးနွေးတယ်။ အဲဒီအပေါ်မှာ သူတို့ဘက်က ကျွန်တော်တို့ ဘာတွေကူညီလာနိုင်မလဲ၊ ကျွန်တော်တို့နဲ့ ပေါင်းစည်း ပြီး ကျွန်တော်တို့ရုပ်ရှင်လောကအတွက် ဘာတွေပံ့ပိုးပေးနိုင်မလဲ။ အဲလိုမျိုးပေါ့။ ကိုရီးယားရုပ်ရှင်က ကမ္ဘာမှာ တွင်ကျယ်နေပြီ။ ဈေးကွက်ကိုလည်း ဖောက်နေပြီဆိုတော့ ကျွန်တော်တို့ထက် အတွေ့အကြုံတွေ အများကြီးရှိတယ် လေ။ သူတို့နဲ့ ဆွေးနွေးတာတွေ ဖြစ်လာမယ်၊ မဖြစ်လာဘူးကတော့ ကံသေကံမçမပြောနိုင်သေးပါဘူး။

အစ်ကိုတို့လို သရုပ်ဆောင်တွေကျတော့ သိပ်မပီပြင်တဲ့ဟာသကားမျိုးတွေရိုက်တဲ့အခါ ဝေဖန်ခံရတာမျိုး တွေကြားရ တယ်။ အစ်ကို့ဆန္ဒက ဘယ်လိုရှိပါသလဲ။
ကိုယ်ကတော့များသောအားဖြင့် လေးလေးနက်နက်ပင်ပင်ပန်းပန်းနဲ့သေချာလုပ်ရတဲ့ကားတွေကိုပဲ ရိုက်လေ့ရိုက်ထ ရှိပါတယ်။ တစ်ခါတလေကျတော့လည်း ပရိသတ်တွေ ကိုယ့်ကားကို ကြည့်ရတာမွန်းကျပ်တာတို့၊ စိတ်ထဲမှာ ခံစားရ တာတွေများသွားတဲ့အခါမျိုးမှာ ပေါ့ပေါ့ပါးပါးကြည့်စေချင်တဲ့စေတနာနဲ့ ရိုက်ဖြစ်တာပါ။ အရေအတွက် အရမ်းနည်း ပါတယ်။ ခုနကပြောတဲ့ စေတနာပါပဲ။ ကိုယ်တိုင်လည်း ပေါ့သွားတာပေါ့နော်။

ဒီနှစ်ထဲမှာ ပန်းပျိုးသူတို့အလင်္ကာနဲ့ ငါ့ဓားငါ့သွေးငါ့ဧရာဝတီ နှစ်ကားရုံတင်သွားတယ်နော်။ နောက်ထပ်ပြသမယ့် ကားရှိပါသေးလား။
ရိုက်ပြီးရုံမတင်ရသေးတာက ကိုအောင်မင်းသိမ်းနဲ့ ]ဓမ္မာသောကအင်းဝရာဇာ}ရှိတယ်။

အဲဒီ(၃)ကားမှာ အစ်ကိုအားအရဆုံးက ဘာကားပါလဲ။
ငါ့ဓားငါ့သွေးငါ့ဧရာဝတီပါ။ အဲဒီကားက အရမ်းလည်းပင်ပန်းတယ်။ ဒါရိုက်တာရဲ့ကြိုးစားမှုနဲ့ အပင်ပန်းခံမှုက အဲဒီကားပြီးရင် သေတောင်သေသွားနိုင်တယ်။ အဲဒီလောက်ထိ ဒါရိုက်တာက ကြိုးစားတယ်။ ပါဝင်တဲ့သရုပ်ဆောင်တွေ ကလည်း ကြိုးစားကြတယ်။ ကိုယ်ဆိုလည်း မင်းသားတစ်ယောက်အနေနဲ့ ဘာမှမတောင်းဆိုခဲ့ဘူး။ ဒါရိုက်တာ ရိုက်ချင်တဲ့ရက်ဘယ်လောက်လဲ။ ရက် ၁၀၀ရိုက်မလား၊ ၉၀ရိုက်မလား။ စိတ်ကြိုက်ကောင်းအောင်သာရိုက်ပါဆိုပြီး ကိုယ့်ဘက်ကလည်း အများကြီးလိုက်လျောခဲ့တယ်။ ကိုယ်ရက်အများဆုံးရိုက်တာ အဲဒီကားပဲ။ ရက် ၅၀လောက်ရိုက် ရတယ်။ ထုတ်လုပ်သူကလည်း တကယ်ကောင်းပါတယ်။ အခုခေတ်က ရုပ်ရှင်ကားတစ်ကားရိုက်ရင် ရက် ၂၀လို့ သတ်မှတ်နေကြတယ်။ ဘယ်သူသတ်မှတ်မှန်းလည်းမသိဘူး။ အဲလိုအချိန်မှာ ရိုက်ရက်ကိုပဲနှစ်ဆဆိုကတည်းက ကုန်ကျစရိတ်တွေက အကုန်နှစ်ဆပဲ။ အရမ်းကောင်းအောင်ကြိုးစားကြတယ်။ ပါတဲ့သရုပ်ဆောင်တွေကလည်း အကုန် ၀ါရင့်တွေချည်းပဲ။ အဲလိုရိုက်ပြီးတဲ့အခါ ကိုယ်ရဲ့လောဘပေါ့။ တကယ်လည်း အရုပ်အသံကွာလတီ ကောင်းလို့ ကိုယ်သဘောကျတယ်။ ဒီကားက ဓာတ်ပုံဆုရမယ်လို့ ကိုယ်ထင်တယ်။ ဒါပေမဲ့ ကိုယ်စိတ်မကောင်းတာက ရုံပေါ်တင် တဲ့အခါ မှန်းထားသလောက် ပရိသတ်မ၀င်ဘူးဖြစ်နေတယ်။ အခုရက်ပိုင်း အဲဒီကိစ္စကို တော်တော်လေး င်္နနူ ဖြစ် နေတယ်။ ပရိသတ်ရဲ့ အကြိုက်ပဲ ပြောင်းနေတာလား။ ရာဇ၀င်ဆိုတာကို မကြိုက်တာလား။ စိတ်ရဲ့ထွက်ပေါက်အနေနဲ့ ပဲ ရုပ်ရှင်ကိုကြည့်ချင်တာလား။ ရုပ်ရှင်ရဲ့ရသ ပြည့်ပြည့်၀၀ခံစားချင်လို့ကြည့်တာလားဆိုတာကို သုံးသပ်ရမလိုဖြစ်နေပြီ။ ရုပ်ရှင်ရဲ့ရသကို ပြည့်ပြည့်၀၀ခံစားချင်တဲ့ ပရိသတ်ကပဲ ရုပ်ရှင်မကြည့်ဖြစ်တာလားဆိုတာ တွေးစရာလေးတွေဖြစ်နေပြီ။

ကျန်စစ်မင်းမှာ ဒါရိုက်တာသရုပ်ဆောင်အဖြစ် အရမ်းပင်ပန်းခဲ့တော့ ဒါရိုက်တာလုပ်ဖို့ ဆန္ဒနည်းသွားပြီလား။
မဟုတ်ပါဘူး။ ကိုယ်ဒါရိုက်တာလုပ်ဦးမယ်။ သရုပ်ဆောင်အနေနဲ့ကလည်း ထုံးစံအတိုင်း လုပ်နေဦးမှာပါ။ နောက်ပိုင်း ကျရင် ကိုယ်က ဒါရိုက်တာဘက်ကို ကူးမှာလေ။ အဲဒီတောိ့ငမနခအငညါ ဘက်ကို ကိုယ်ရိုက်တဲ့ဒါရိုက်တာတိုင်းဆီမှာ ဇာတ်ညွှန်းရောဘာရော လေ့လာတယ်။ ကိုယ်တိုင်ဒါရိုက်တာအဖြစ်နဲ့ ထူးထူးခြားခြားလေးတွေ ရိုက်ပြချင်တယ်။ ကျန်စစ်မင်းအပြီး နောက်တစ်ကားရိုက်ဖို့က ဇာတ်မရဘူးဖြစ်နေတယ်။ ကျန်စစ်မင်းတုန်းကလို ဒါကြီးကိုရိုက် မယ်ဆိုတာနဲ့ ရှေ့မှာကျားရှိရှိ ဘာရှိရှိ လုပ်မယ်ကွာဆိုပြီး ကိုယ့်စိတ်ကို စီးပိုးသွားတာတစ်ခု မရဘူးဖြစ်နေတယ်။ ဒါကြောင့် မစဖြစ်သေးတာပါ။

No comments: