Friday, September 14, 2007

‘‘ Interview with ချစ်သုဝေ ’’

Q:

ချစ်သုဝေရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုလေးကို စပြောပေးပါ။

Ans:

ချစ်သုက လောလောဆယ် သွေးနေတယ် ပြောရမလား မသိဘူး။ ကြော်ငြာလည်း မရိုက်ဖြစ်ဘူး။ ချစ်သုက ရိုက်ပါတယ်။ ချစ်သုကို လာမခေါ်ဖြစ်ကြ တော့ဘူး ပေါ့နော်။ အဆိုပိုင်းကတော့ ချစ်သုအရင်ကထက် ပိုလုပ်ဖြစ်တယ်။ အတွဲခွေတွေလည်း ဝင်ဆိုဖြစ်တယ်။ ချစ်သုနဲ့မမ အခွေလည်း လုပ်နေပါတယ်။ ပြီးတော့ Single လေး လုပ်ဖို့စဉ်းစားထားတော့ သီချင်းလေးတွေ ရေးနေတယ်။ သီချင်းလေးတွေ ဆိုနေတယ်။ အဲဒီအပိုင်းကတော့ လုပ်ဖြစ်တယ်။ Stage Show တွေဆိုဖြစ်တယ်။ ဒီလလည်း Show ရှိတယ်။ အဆိုပိုင်းကတော့ လုပ်ဖြစ်တယ်။ ကျန်တဲ့အပိုင်းကတော့ Magazine တွေက ချစ်သုရိုက်ပေးပါဆိုရင် ချစ်သုက ရိုက်ပေးပါတယ်။ အဲဒါတွေနဲ့တော့ မအားရဘူး။

Q:

“နေတစ်ခြမ်း လတစ်ခြမ်း” မှာလည်း ပရိသတ်တွေ တော်တော် ကြိုက်ခဲ့ကြတယ် ဆိုတော့ ချစ်သုက သရုပ်ဆောင်ဘက်ကိုရော စိတ်မဝင်စားဘူးလား။

Ans:

ချစ်သုကလေ ကိုယ့်ဘာသာကိုယ် Confidence မရှိသေးတာ ပါမှာပေါ့နော်။ ပြီးတော့ ချစ်သု form ကတမျိုးလေး ဖြစ်နေတော့လေ ပရိသတ်တွေ ကြည့်ရတာ အသားကျရဲ့လား။ ဒါမျိုးလည်း ချစ်သုက စဉ်းစားရသေးတယ်။ သရုပ်ဆောင်ရင် ထဲထဲဝင်ဝင်မှ အဆင်ပြေမှာလေ။ ၁ကားတော့ရိုက်ဖို့ စီစဉ်ထားတာရှိတယ်။ မသေချာသေးလို့။ ကန်တော့ပွဲပေးမှာတို့ ဘာတို့ဆိုရင်တော့ အားလုံးသိမှာ ပဲလေ။ မသေချာသေးတော့ ချစ်သု မပြောချင်ဘူး။

Q:

ချစ်သုနဲ့လိုက်မယ့် ဇာတ်လေးတွေ ဆိုရင်တော့ အဆင်ပြေမှာပါ။ “နေတစ်ခြမ်း လတစ်ခြမ်း” မှာတော့ ချစ်သုနဲ့ တော်တော် အဆင်ပြေတာပဲ။

Ans:

ဟုတ်တယ်။ ဇာတ်လမ်းလည်း အဆင်ပြေတယ်။ လုပ်ရကိုင်ရတာလည်း အဆင်ပြေမယ်ပေါ့။ ချစ်သုက အကုန်ကြည့်ရတာပေါ့။ ဘာပဲပြောပြော ရုပ်ရှင်ထဲကြတော့ အစိမ်းသက်သက်ကြီး လိုဖြစ်နေတော့လေ။ ချစ်သုက ပျော်ပျော်ပါးပါးလေးပဲ အလုပ်လုပ်ချင်တယ်။ အဲဒီတော့ အကုန်လုံးကြည့်ရတာပေါ့။ နည်းနည်းလည်း စိမ်းတာကို။ အဲဒီတော့ ကိုယ်ပိုင်ပိုင်နိုင်နိုင်ဖြစ်မှ ဝင်တာကောင်းတာ ပေါ့။ အခုတော့ ဘာမှမတတ်ဘဲနဲ့ ဆိုတော့လေ။ အဆူခံရမှာ။

Q:

ဂီတကို ကိုယ်တိုင် နားလည်ပြီး နှစ်သက်ခဲ့တာ ဘယ်အရွယ်လောက်မှာလဲ။

Ans:

ငယ်ငယ်ကတည်းက ချစ်သုတို့ကလေ သီချင်းသံတွေကြားမှာ စာကျက်ခဲ့ရတာ ဆိုတော့ သီချင်းတွေတော့ အကုန်ကြိုက် အဲလိုမျိုးပေါ့နော်။ ဒါပေမယ့် ချစ်သုဆိုမယ့်လိုင်းကို ချစ်သုစပြီး ရင်ခုန်ခဲ့တာကတော့ ၈တန်းနှစ်လောက်ကမှ Alternative လိုင်းကို စပြီးတော့ အရမ်းသဘောကျခဲ့တာ။ Life on release တွေဘာတွေ ထွက်ပြီးတော့လေ။ Sky Music အမျိုးအစားတွေကို ကြိုက်ခဲ့တာ။

Q:

ချစ်သု သီချင်းစဆိုတဲ့အခါမှာ Alterကို ဘာလို့ရေးဖြစ်ခဲ့တာလဲ။ အဲဒီအချိန်က တော်တော်များများက Hip Hop ဖြစ်နေကြတဲ့ အချိန်နော်။

Ans:

ချစ်သုကြိုက်လို့ပေါ့နော်။ ချစ်သုငယ်ငယ်တုန်းက နားထောင်ခဲ့တာလဲ ဒီ Rock တို့ Slow Rockတို့ ဆိုတော့လေ။ အဲဒီဘက်တွေကို ပိုကြိုက်တယ်ပေါ့နော်။ Hip Hop တို့လည်း မကြိုက်ဘူး မဟုတ်ဘူး ကြိုက်တာပဲ။ Acidတို့ဘာတို့ ထွက်တုန်းကလည်း ချစ်သုကြိုက်တာပဲ။ ဒါပေမယ့် ကိုယ်ဆိုဖို့ကို မကြိုက်ဘူး။ ကိုယ်လည်း မဆိုတတ်ဘူး။

Q:

Music နဲ့ပတ်သက်ပြီး ချစ်သုတခြားလေ့လာဖြစ်တာတွေရောရှိလား။

Ans:

Part 1 လောက်ကစပြီး ချစ်သုဂစ်တာ တီးသင်တယ်။ ပြီးတော့ ဟောက်ဆာဂျင် ဆင်းတဲ့အပိုင်းရယ် Part 2 ပိုင်းရယ်မှာ ပြန်မတီးဖြစ်တော့ဘူး။ ပြန်မတီးဖြစ်တော့ ကော့ဒ်တချို့တောင် မေ့နေပါပြီ။ ချစ်သုရတာကလည်း ကော့ဒ်က ၁၀ ခုလောက်ပဲရှိတာပါ။ ဒါတော့ပြန် train လုပ်ရမှာပေါ့နော်။ Music နဲ့ပတ်သက်လို့ လေ့လာတယ် ဆိုရင်တော့ ဂီတမိတ်မှာ ၂လလောက် သွားတက်ဖူးတယ်။ ဒီလောက်ပဲရှိတယ်။ ပြီးရင် ကျန်တဲ့ဟာတွေက နိုင်ငံခြား Show ပွဲတွေကြည့်တယ်။ သီချင်းတွေ နားထောင်တယ်။ သူတို့ဆိုဟန်လေးတွေ လေ့လာတယ်။ ဒါမျိုးလောက်ပါပဲ။

Q:

ချစ်သု အခုလိုအဆိုတော် ဖြစ်လာတာ ချစ်သုအဖေဖေရဲ့ အကူအညီတွေ အများကြီးပါမှာပေါ့။

Ans:

ပါတာပေါ့။ ဖေဖေ့ အကူအညီတွေက အများကြီးပါတာပေါ့။ ချစ်သုတို့ ညီအစ်မ၂ယောက် အခွေစထွက်တုန်းကဆို ချစ်သုတို့က သီချင်းကြိုက်တယ်။ သီချင်းတွေ ဆိုချင်တာပဲ ရှိတယ်လေ။ ကိုယ်ဘယ်လို စီစဉ်ရမလဲ မစီစဉ်တတ်ဘူး။ စီစစ်ရေးတင်ရကောင်းမှန်းလည်း မသိဘူး။ အခွေက ကိုယ့်ဟာကိုယ်ဆိုပြီး သွင်းပြီးထွက်။ အဲဒါမျိုးလောက်သာ သိတာ။ ချစ်သုတို့က အိမ်ထဲကမှာပဲနေတာ အပြင်လည်း မသိဘူးဆိုတော့ ဖေဖေပဲ အကုန်လုံးလုပ်ပေးတာ။

Q:

ချစ်သုတို့ ညီအစ်မ၂ယောက် အခွေထွက်ပြီး ချစ်သုကို ပရိသတ်တွေ ပိုသိလာတာက ဘယ်သီချင်းလေးလို့ ပြောရမလဲ။

Ans:

ပြောရရင်တော့ “ရူးအောင်ချစ်မိသူ” ထဲက သီချင်းပေါ့နော်။ အဲဒီသီချင်းလေးကတော့ ထလည်းပေါက်သွားတယ်။ “တကယ်ဆိုရင်” ပေါ့ ဟုတ်တယ်။ “တကယ်ဆိုရင်” နဲ့ ပြောရမယ်။ ချစ်သုကလည်း ပြယုဂ်ပြစရာဆိုလည်း အဲဒီသီချင်းတစ်ပုဒ်လောက်ပဲ ရှိတာကို။ ချစ်သုကလည်း သီချင်းက သိပ်မှမများတာ။ “တကယ်ဆိုရင်” က VCD ထွက်တော့မှပေါ့နော်။ အခွေထွက်တုန်းကတောင် အဲဒီလောက် မဟုတ်ဘူး။ VCD ထွက်တော့မှ အဲဒီသီချင်းက အရမ်းပေါက်သွားတယ်။

Q:

ဒုတိယအခွေရောက်တဲ့ အချိန်မှာရော ဖေဖေ့ရဲ့ အကူအညီမပါပဲ လုပ်နိုင်ပြီလား။

Ans:

အဖေ့ အကူအညီပါတယ်ဆိုတာ စီစဉ်တယ်။ သီချင်းရွေးတယ်။ ဒယ်ဒီ ဟိုဟာလုပ်ချင်တယ်။ ဒီဟာလုပ်ချင်တယ်တော့ ကိုယ်က ပြောတတ်လာတယ် ပေါ့နော်။ ပြီးရင်သမီးရေ ဒီနေ့ Date ယူထားတယ်။ ဒီနေ့လာဆို ဆိုတာမျိုး မဟုတ်တော့ဘူး။ ကိုယ့်ဟာကိုယ် Feeling လာရင် ထလုပ်တာတို့ ဘာတို့ အလဲလိုမျိုးတွေ ချစ်သုတို့ ဖြစ်လာတယ်။ ဒါပေမယ့် စီစစ်ရေး ကိစ္စတွေကြတော့ ဒယ်ဒီပဲ လိုက်လုပ်ပေးရတာပေါ့နော်။ ဒါပေမယ့် ချစ်သုတို့ ညီအစ်မ၂ယောက် အခွေမှာတော့ ချစ်သုတို့ စိတ်ကြိုက်လုပ်ထားတယ်။ သီချင်းဆိုရင်လဲ ဒယ်ဒီပြတာမျိုး မဟုတ်ဘူး။ ချစ်သုတို့ဘာသာ ရွေးတယ်။ ချစ်သုတို့ ကြိုက်တဲ့ဟာမျိုး ချစ်သုတို့ အပ်တယ်။ ချစ်သုရေးထားတဲ့ သီချင်းလေး ၁ပုဒ်လဲပါတယ်။

Q:

ဟုတ်လား။ သီချင်းနာမည်လေး ပြောပါဦး။

Ans:

“အပြစ်ကြီးကြီး” တဲ့။ ချစ်သုက ရေးသာပြီးသွားတတာ။ ခေါင်းစဉ် မပေးရသေးဘူး။ အဲဒီတော့ ခေါင်းစဉ် ဘာပေးရမှန်းမသိဘူး။ အဲဒါနဲ့ “အပြစ်ကြီးကြီး” လို့ ကောက်ပေး လိုက်တာ။

Q:

ချစ်သုသီချင်းရေးဖြစ်တာ အခုမှ စရေးဖြစ်တာလား။

Ans:

ချစ်သု အဲဒီသီချင်းလေး ရေးထားတာ ၄နှစ်ကျော်ပြီ။ ချစ်သု ဂစ်တာစခေါက်တတ်တုန်းက ရေးထားတာ။ ပထမဆုံး ရေးထားတဲ့သီချင်းလေး။ အဲဒီတုန်းက သီချင်းလေးက ရောင်းကော့ဒ်လေးနဲ့ ရိုးရိုးလေးပဲ။ ချစ်သုက ကိုယ်ပထမဆုံး ရေးထားတယ် ဆိုတော့ ထည့်ချင်တာပေါ့နော်။ ချစ်သုအခွေထဲမှာ တေးရေး ဆရာအကြီးတွေပဲဆိုတော့ ချစ်သုသီချင်းလေးက အားနည်းနေသလို ဖြစ်ရင်တော့ ဖြစ်မယ်။ ဒါပေမယ့် ကိုယ့်ဟာကိုယ်တော့ ပျော်နေတာပေါ့နော်။

Q:

တေးရေးတွေကရော တခြားဘယ်သူတွေ ပါသေးလဲ။

Ans:

တေးရေးတွေက ချစ်သုထဲမှာ ဦးရွှေဂျော်ဂျော်၊ ဦးမောင်မောင်ဇော်လတ် (The Ants)၊ ကိုလင်း၊ ကိုဖြိုးပါတယ်။ ပြီးတော့ချစ်သုပေါ့။

Q:

ချစ်ဆုထဲမှာရော တေးရေးတွေက ဘယ်သူတွေလဲ။

Ans:

မမကကြတော့ ကိုဇော်အောင်၊ ကိုလင်းလင်း၊ ကိုITအဲဒါပဲ။ မမကြီးကကြတော့ Slow Rock လေးတွေများတယ်။ Rock လေးတွေ၊ Pop လေးတွေ ပါတယ်။

Q:

ချစ်သုတို့ရဲ့ ဒီဒုတိယအခွေကရော ဘယ်တော့လောက်ထွက်ဖြစ်မလဲ။

Ans:

ချစ်သုတို့ဒီအခွေက ချိန်နေတာ။ အဓိကကတော့ အရိုးသားဆုံးဝန်ခံရရင် ပိုက်ဆံကိုချိန်နေတာ။ ချစ်သုတို့ ပိုက်ဆံအဆင်ပြေတဲ့ အချိန်ထွက်မယ်။ အရိုးသားဆုံးပြောတာ...

Q:

အခု Gwen Stafeni Show သွားကြည့်မယ်ဆိုတော့ ချစ်သုရဲ့ ရင်ခုန်သံလေးကို ပြောပါအုံး။

Ans:

တကယ်တမ်း ပြောရရင် ပိုက်ဆံလည်း နှမြောတယ်။ ချစ်သုက ကိုယ့်ဘာသ ရှာထားရတာ ဆိုတော့လေ။ ကိုယ်ရှာထားတဲ့ ပိုက်ဆံလေးကို ဖြုန်းတာမျိုး မဖြစ်စေချင်ဘူးပေါ့နော်။ ဒါပေမယ့်လည်း ချစ်သုလည်း မရောက်ဖူးဘူးဆိုတော့ သွားကြည့်မယ်ပေါ့။ ပြီးတော့ Gwen Stafeni ဆိုတာကို ချစ်သု တအားကြိုက်တာ ကိုး။ အဲဒီတော့ ချစ်သု သူ့ကို အပြင်မှာတွေ့ချင်တယ်။ အဲဒီတော့ အရမ်းလည်း ပျော်နေတယ်။ သူနဲ့လည်း ဓါတ်ပုံတွေဘာတွေ တွဲရိုက်ချင်တယ်။ တွဲရိုက်လို့ ရပါ့မ လားမသိဘူး။ ချစ်သုအရမ်းကြိုက်တဲ့ အဆိုတော်မို့လို့သာ သွားကြည့်တာ။ တခြားသူဆို ချစ်သုသွားကြည့်ဖြစ်ပါ့မလားတောင်မသိဘူး။ သူက Show Mood အရမ်း မိုက်တယ်။ သူဆိုတာက ဒိုက်ထိုးပြီးတော့တောင် ဆိုတာလေ။ စင်ပေါ်မှာ ဒိုက်ထိုးတာ။ ချစ်သုတို့ဆိုရင် တအားခုန်ရင် အရမ်းမောနေပြီလေ။ သူက အဲလိုမောသံတွေ ဘာတွေလည်း မထွက်ဘူး။ အရမ်းသက်လုံကောင်းတဲ့မိန်းမ။ အဲဒီတော့ ချစ်သုသူ့ကို သွားကြည့်ချင်တယ်။ သူတို့ တစ်Band လုံးကို ချစ်သု သဘောကျတယ်။

Q:

ချစ်သုကိုယ်တိုင် သီချင်းဆိုတဲ့အခါမှာရော သူရဲ့ Influence ဖြစ်တာမျိုးရှိလား။

Ans:

သူ့ရဲ့ Influence မျိုးကြတော့.... သီချင်းက color နဲ့ဆိုင်ပြီး Mood က ပြောင်းတာ ဆိုတော့လေ။ သူ့ color မျိုးကြီးတော့ ချစ်သုဖြစ်မနေဘူး။ ဒါပေ မယ့် ယောက်ျားဆန်တာတော့ တူမယ်ထင်တယ်။ ချစ်သုနဲ့ကလေ.. ချစ်သုလည်း စင်ပေါ်မှာလှုပ်ရှားရင် အရမ်းယောက်ျားဆန်တာပဲ။ အဲဒီလောကပဲတူမယ်။ သူ့ Influence လည်း ပါကောင်းပါနိုင်တယ်။ ကိုယ့်ဘာသာကိုယ် သတိမထားမိတာလားတော့မသိဘူး။ ဒါပေမယ့် ချစ်သုထင်တာကတော့ များသောအားဖြင့် Music Type မှ မတူတာကိုး။ ချစ်သု သူ့သီချင်းတွေဆို လိုက်တယ်ဆိုရင်တော့ သူ့ Mood အတိုင်းဖြစ်ရင် ဖြစ်နေမှာပေါ့။ ဒါပေမယ့် ချစ်သုဆိုတာက ချစ်သုသီချင်းပုံစံလေးနဲ့ ဆိုတော့ ချစ်သုပုံစံလေးပဲ ဖြစ်နေတာပေါ့နော်။

Q:

အရင်တုန်းက ချစ်သုဝေနဲ့ အခု ၂၀၀၇ ချစ်သုဝေနဲ့ ဘာတွေ ကွာခြားသွားပြီလဲ။

Ans:

ချစ်သုအနေနဲ့ဆိုရင် အတူတူပါပဲ။ ဒါပေမယ့် အရင်ကနဲ့အခုဆိုရင် အသက်ကြီးလာတဲ့အတွက် အတွေ့အကြုံတွေကလည်း များလာတယ်။ စိတ်ရှုပ် စရာတွေလည်း များလာတာပေါ့။ စိတ်ရှုပ်စရာတွေတင်ပဲလည်း မဟုတ်ဘူး။ ပျော်စရာတွေလည်း များလာမယ်။ ဝမ်းနည်းစရာတွေလည်း များလာမယ်။ အကုန်လုံး ပေါ့။ ကောင်းတာတွေများလာသလို ဆိုးတာတွေလည်းများလာတယ်။ အဲဒီတော့ တူတာတော့မတူဘူး။ ဒါပေမယ့် လူကတော့ အတူတူပါပဲ။

Q:

ဒေါက်တာ ချစ်သုဝေ အကြောင်းကို ပြောပါအုံး။

Ans:

ဒေါက်တာချစ်သုဝေလား...... ဒီမိန်းမကြီး စာကျက်နေတယ်။ ဒီမိန်းမကြီး အလုပ်လက်မဲ့ဖြစ်ပြီး စာကျက်နေတယ်။ ချစ်သုတို့က အလုပ်နားနေရတာ ကိုး။ အခုဘွဲ့ယူရတော့မယ်။ အောက်တိုဘာလား၊ နိုဝင်ဘာလားမသိဘူး ဘွဲ့ရမယ်။ ဘွဲ့ယူပြီးတော့ Service ကရှေ့နှစ်လောက်မှ ဝင်ရမယ်ဆိုတော့ ဒီကြားထဲတော့ အားနေတယ်။ သူ...အပြင်ဆေးခန်းလည်း မဝင်ဘူး။ NGO လည်း မဝင်ဘူး။ အဲဒီတော့ သူ အိမ်မှာပဲ စာကျက်နေတယ်။ လိုက်လျား.... လိုက်လျား..... နဲ့ပေါ့...ဟဲ..ဟဲ။

Q:

အခုချိန်မှာ ကိုယ်က အဆိုတော် တစ်ယောက်အနေနဲ့ရော Celebrity တစ်ယောက် အနေနဲ့ရော ပွဲတွေသွားလာရတဲ့အခါမှာ စိတ်ရှုပ်ရတာမျိုးတွေရှိလား။

Ans:

စိတ်ရှုပ်ရတာမျိုးရှိတယ်။ ဒါပေမယ့်လေ ချစ်သုက သဘောကျပါတယ်။ လူက အိမ်ထဲမှာနေလို့ သိပ်မရဘူး။ ချစ်သုတို့ အိမ်ထဲမှာနေခဲ့တဲ့ ကောင်းကျိုး က ဘာဖြစ်လဲဆိုတော့ မိဘအရိပ်အောက်မှာဆိုတော့ အများအမြင်မှာကြတော့ လိမ္မာတယ်ပေါ့။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် သွားရဲလာရဲတာကြတော့ ချစ်သုတို့က Confidence အရမ်းနည်းတယ်။ အဲလိုပါပဲ။ ဘယ်အရာမျိုးမှာမဆိုပေါ့။ ကောင်းကျိုးရှိတယ်။ မကောင်းကျိုးရှိတယ်ပေါ့။ အခုချစ်သုက အပြင်အရမ်းသွားလာတော့မှ လူတွေအကြောင်းကိုသိတာ။ ချစ်သုအသက်၂၀လောက်မှ လူတွေဆိုတာ ဒီလိုမျိုးပါလားဆိုတာ သိခဲ့တာ။ ချစ်သုသိတယ်ဆိုတာ ဒါအရမ်းနောက်ကျနေပြီ။ အမှန်ဆို ၁၆၊ ၁၇ လောက်ကတည်းက ကိုယ့်ဘဝကိုယ် ရုန်းကန်ပြီးသိနေရတော့မှာ။ အဲဒီအချိန်မှာ ချစ်သုက ၁၉၊ ၂၀ လောက်မှ သိခဲ့တာ။ ချစ်သုက အရမ်းကို နောက်ကျ တယ်ပြောရမှာပေါ့။

Q:

ချစ်သုရဲ့ Music နဲ့ ပတ်သက်ပြီး ခံယူးထားတဲ့ အနုပညာခံယူချက်ကရော။

Ans:

အနုပညာခံယူချက်ဆိုတာ ချစ်သုကတော့ ကိုယ်တန်ဖိုးထားတဲ့ အလုပ်တစ်ခုအပေါ် သစ္စာမဖောက်ဖို့။ ရိုးသားဖို့။ အဲဒါကတော့ အနုပညာအပေါ်မှ မဟုတ်ဘူး။ ချစ်သုအလုပ်အပေါ် ချစ်သုတန်ဖိုးထားတာပေါ့နော်။ သစ္စာမဖောက်ဘူး။ စေတနာထားဖို့။ ဒါ ချစ်သုခံယူထားတဲ့ ခံယူချက်ပေါ့။

Q:

လူငယ်တွေထဲက လူငယ်တစ်ယောက်အနေနဲ့ လူငယ်တွေကိုပြောပြချင်တာရှိလား။

Ans:

ချစ်သုလူငယ်တွကိုလေ မိဘအရိပ်အောက်မှာနေတာနေပါ။ မိဘ Control အောက်မှာ နေတာလည်းနေပေါ့နော်။ ဒါပေမယ့် ကိုယ်တိုင်လည်း ကိုယ့်အားကိုယ်ကိုးပြီးတော့ ရုန်းကန်စေချင်တယ်။ ဒါပေမယ့်မိဘကို ကလန်ကဆန်မလုပ်ပဲနဲ့ မိဘအရိပ်အောက်မှာပဲနေ။ မိဘစကားနားထောင်ပြီး ရုန်းကန်စေချင် တယ်။ အဲလိုလေးဖြစ်စေချင်တယ်။

Q:

အခုလိုဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Ans:

ချစ်သုကလည်း ကျေးဇူးတင်ပါတယ်။

3 comments:

Unknown said...

ချစ်သုဝေ ရဲ့ သီချင်းကြိုက်ပါတယ် ဆိုတဲ့ အမူအရာလေးကိုလဲ ကြိုက်ပါတယ် အမြဲတမ်းအောင်မြင်ပါစေနော်....

တူးတူး(နည်းပညာ) said...

hjksajhsgksxjhsjhxkdfhfvlzjhhvlhgcvlabvzbhvbvbcbvbchxhkzkxjfhsujdyhfhflfgfdvfgfahgfbvblkzvlaSjfhiegflkkhgcl.zb cc

တူးတူး(နည်းပညာ) said...

hjksajhsgksxjhsjhxkdfhfvlzjhhvlhgcvlabvzbhvbvbcbvbchxhkzkxjfhsujdyhfhflfgfdvfgfahgfbvblkzvlaSjfhiegflkkhgcl.zb cc